ကောလင်းမြို့အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ် ၂၀ ကျော် ပျက်စီး

ကောလင်းမြို့အရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ် ၂၀ ကျော် ပျက်စီး

စစ်ကိုင်းတိုင်း ကောလင်းမြို့အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်(၂၀)ကျော် ပျက်စီးသွားကြောင်း Kawlin People Defense Force – KLPDF ထံမှ သိရသည်။

ကောလင်းမြို့အရှေ့ခြမ်း သစ်ဖုလဘုရားကုန်းမှ ခံသာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က နေအိမ်(၇)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး လေကြောင်းမှ ထပ်မံဗုံးကြဲရာ နေအိမ်(၄)လုံး၊ ကျန်းမာရေးဆေးခန်းတစ်လုံး၊ အ.ထ.က စာသင်ကျောင်းဆောင်နှစ်ဆောင် ပျက်စီးခဲ့သည်ဟု သိရသည်။ 

ယနေ့ မတ်လ(၄)ရက်နေ့ ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် ထပ်မံလာရောက်ဗုံးကြဲရာ နေအိမ်(၂၀)ကျော် ပျက်စီးသွားပြီးနောက် သစ်ဖုလဘုရားကုန်းဘက်သို့ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြီး အလောင်းများကို ကျေးရွာအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များက ရှင်းလင်းဖယ်ရှားနေရသည်ဟု ဆိုသည်။

ထို့အပြင် ကောလင်းမြို့ပေါ်  မင်းတဲကြီးရပ်ကွက်၊ မင်းဂျမ်းစိုင်ဒူး၊ ဆေးမင်းခုံနှင့် ကောလင်းမြို့ မြောက်ဘက် အောင်ချမ်းသာရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီစခန်းများကိုလည်း ယမန်နေ့ ညပိုင်းတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Kawlin People Defense Force - KLPDF