နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးကြဲ စစ်သုံ့ပန်း ၄ ဦးသေဆုံး အများအပြား ဒဏ်ရာရ

နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးကြဲ စစ်သုံ့ပန်း ၄ ဦးသေဆုံး အများအပြား ဒဏ်ရာရ
နိုဝင်ဘာ 20, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီတပ်မှ ယမန်နေ့ နိုဝင်ဘာလ (၁၉)ရက်နေ့ ညပိုင်းတွင် ပေါင် (၅၀၀)ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဒလန်နှင့် စစ်သုံ့ပန်း (၄)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

ဒိုပင်ရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ဒလန်နှင့် စစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့် နေရာလည်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ကြဲချလိုက်သည့် ပေါင်(၅၀၀)ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယင်းနေ့ ညပိုင်းတွင်ပင် နမ့်ခမ်းမြို့ မန်မိုင်ရွာ၊ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတို့အား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးတစ်ဦး အပါအဝင် (၂)ဦး သေဆုံးပြီး အရပ်သား (၉)ဦး ဒဏ်ရာရကာ နေအိမ်(၃၇)လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo : News & Information Department