ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့က အင်အား(၁၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA၊ သူရိယစစ်ကြောင်းဒရုန်းအဖွဲ့၊ TPDF၊ KRF၊ PPDF-KD၊ ကျိုက်ထို (ပကဖ)နှင့် ဘီးလင်း(ပကဖ)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦးလည်း သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် အရပ်သားပိုင် မော်တော်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးသွားကြောင်း Pa O People's Defence Force-Kham Domက ယနေ့ ဇူလိုင်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :Pa O People's Defence Force-Kham Dom