လွိုင်ကော်မြို့အဝင် စစ်ကောင်စီတပ်၏ ကယန်းသာယာလမ်းခွဲ စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

လွိုင်ကော်မြို့အဝင် စစ်ကောင်စီတပ်၏ ကယန်းသာယာလမ်းခွဲ စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်
နိုဝင်ဘာ 18, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အဝင် စစ်ကောင်စီတပ်၏ ကယန်းသာယာလမ်းခွဲ စခန်းကို ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း NUGက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အဆိုပါစခန်း သိမ်းပိုက်ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၅)ရက်ကလည်း စစ်ကောင်စီ၏ အမှတ်(၅၁၈) ခြေမြန်တပ်ရင်း (ခမရ- ၅၁၈)မှ အထိုင်ချတပ်စွဲထားသည့် မိုးဗြဲမြို့၊ စက်တော်စေတီကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရှမ်းတောင်တိုင်းစစ်ဌာနခွဲ လက်အောက်ခံ၊ PDF များနှင့် KNDFတို့က သိမ်းပိုက်ခဲ့‌သည်။

ကရင်နီတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်မှ စတင်၍ KA၊ KNDF၊ KNPLF၊ DMO-Local PDF၊ မြို့ပြပြောက်ကျားတပ်တို့နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆို၊ ဒီမောဆိုနှင့် ရှမ်းတောင် PDF တပ်ရင်းများ ပူးပေါင်း၍ ၁၁.၁၁ စစ်ဆင်ရေး လုပ်ဆောင်နေခြင်း ဖြစ်သည်။

#TachileikNewsAgency