၈၈၈၈ နေ့ စစ်ကောင်စီထုတ် နှစ်သောင်းတန် ငွေစက္ကူကို မီးရှို့ဆန္ဒပြ

၈၈၈၈ နေ့ စစ်ကောင်စီထုတ် နှစ်သောင်းတန် ငွေစက္ကူကို မီးရှို့ဆန္ဒပြ

လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ၈၈၈၈ နေ့တွင် စစ်ကောင်စီထုတ် နှစ်သောင်းကျပ်တန်များကို မီးရှို့ကာ ပြည်သူများအသုံးမပြုရေး ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့ နံနက်ပိုင်းက တိုက်တွန်းဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့တွင်ကျရောက်သည့် (၃၅)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့တွင် ကျဆုံးသွားသော သူရဲကောင်းများကို ဂုဏ်ပြုခဲ့ကြပြီး ဆေးအနီရောင်များဖြင့် လမ်းမကြီးပေါ်၌ ပတ်ဖြန်းကာ ငွေကျပ်နှစ်သောင်းတန်များကို ပြည်သူများအား အသုံးမပြုကြရန် တိုက်တွန်းသည့်အနေဖြင့်  မီးရှို့ခြင်း အစီစဥ်ကို ပြုလုပ်ခဲ့ကြကြောင်း လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုထံမှ သိရသည်။ 

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုသည် တရားဝင်မှု မရှိသလို တရားမဝင် ရိုက်နှိပ်ထုတ်လုပ်နေသည့် နှစ်သောင်းကျပ်တန် ငွေကြေးစက္ကူသည်လည်း တရားမဝင်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် အများပြည်သူကို ကြေညာထားသည်။

#TachileikNewsAgency

Photo : လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု