ပဲခူးတိုင်းအတွင်း လုံခြုံရေးနှင့် နယ်မြေစစ်ဆင်ရေးများလုပ်ဆောင်ကာ ဒေသခံပြည်သူများနှင့် တော်၀င်ဒေါင်းစစ်ကြောင်း တွေ့ဆုံ

ပဲခူးတိုင်းအတွင်း လုံခြုံရေးနှင့် နယ်မြေစစ်ဆင်ရေးများလုပ်ဆောင်ကာ ဒေသခံပြည်သူများနှင့် တော်၀င်ဒေါင်းစစ်ကြောင်း တွေ့ဆုံ

ပဲခူးတိုင်းအတွင်း လုံခြုံရေးနှင့် နယ်မြေစစ်ဆင်ရေးများလုပ်ဆောင်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း တော်၀င်ဒေါင်းစစ်ကြောင်း (Royal Peacock Column)တပ်ဖွဲ့က ၂၀၂၃ခုနှစ် ဇူလိုင်လ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေစဥ်အတွင်း အဆိုပါနယ်မြေများရှိ ရပ်ရွာပြည်သူလူထုများနှင့်လည်းတွေ့ဆုံကာ ပြည်သူများ၏လိုအပ် ချက်များကိုမေးမြန်းပြီး တော်လှန်ရေးဆောင်ရွက်နေမှု လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ပဲခူးတိုင်းရှိ  Royal Peacock Column၏ ရှေ့တန်းစစ်မြေပြင်သို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဦးလွင်ကိုလတ်နှင့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့သေးသည်။

#TachileikNewsAgency

Photo : Royal Peacock Column