ရာဇဂြိုလ် ရဲဘက်စခန်း ၂ သိမ်းပိုက်စဥ်က ထွက်ပြေးပုန်းအောင်းနေသော စစ်ကောင်စီတပ်သား ၄ ဦးကို လက်နက်နှစ်လက်နှင့်အတူ ဖမ်းမိ

ရာဇဂြိုလ် ရဲဘက်စခန်း ၂ သိမ်းပိုက်စဥ်က ထွက်ပြေးပုန်းအောင်းနေသော စစ်ကောင်စီတပ်သား ၄ ဦးကို လက်နက်နှစ်လက်နှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးမြို့၊ ရာဇဂြိုလ် ရဲဘက်စခန်း(၂) သိမ်းပိုက်စဥ်က ထွက်ပြေးပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးအား သေနတ် (၂) လက်နှင့်အတူ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ဖမ်းဆည်းရမိကြောင်း NUGက သတင်းထုတ်ပြန်သည်။

ဖမ်းဆည်းရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုင်ငံတကာ စစ်သုံ့ပန်း စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

ရာဇဂြိုလ် ရဲဘက်စခန်း(၂)ကို နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ABSDFနှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency