ပခုက္ကူမြို့နယ်အတွင်း တဲကုန်းရွာရှိ ပျူစောထီးစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့ကဝင်တိုက်၊ ပျူစောထီး (၁၃) ဦး‌သေပြီး လက်နက်များ သိမ်းဆည်း ရရှိ

ပခုက္ကူမြို့နယ်အတွင်း တဲကုန်းရွာရှိ ပျူစောထီးစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့ကဝင်တိုက်၊ ပျူစောထီး (၁၃) ဦး‌သေပြီး လက်နက်များ သိမ်းဆည်း ရရှိ

 မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တဲကုန်းရွာရှိ ပျူစောထီးစခန်းအား ဒေသကာကွယ်ရေးတပ်က အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး (၁၃) ဦးသေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ရဲဘော်တစ်ဦး ကျည်ထိမှန်၍ လမ်းခုလပ်အရောက်တွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လက်ကိုင်ထုတ် သင်္ကန်းဝတ် ဝါသဝ လက်အောက်ရှိ အဆိုပါ ပျူစောထီးစခန်းကို ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့၏ ညပိုင်းတွင် မြိုင်ပကဖ ရင်း(၁) ခွဲ (၄) စု(၃)မှ စိတ်(၁/၂)နှင့် မြိုင်ပကဖ IO အဖွဲ့ Black Cobra ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် တင်ဝင်း ပွဲခြင်းပြီး သေဆုံးကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့၏ ကာဘိုင် ၁ လက် နှင့် တစ်တောင့်ထိုးမောင်းချိုး ၄ လက် အပါအဝင် ကျည် ၃၅ တောင့်၊ ကျည်ဘောက် ၂ခု  ၊ လက်ပစ်ဗုံး ၃ လုံး၊  ကျည် ၂၂ တောင့်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ကျည်ကာ ၂ ထည် ရရှိခဲ့ကြောင်း သိရသည်။

လက်နက်များ ဆက်လက် သိမ်းဆည်းနိုင်ရန် ကြိုးစားသော်လည်း ဒေသကာကွယ်ရေးတပ်များဘက်က ရဲဘော်(၁)ဦး ကျည်ထိမှန် သဖြင့် ဆုပ်ခွာခဲ့ရပြီး အများအပြားသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။