MNDAA တပ်စခန်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အထိနာကာ ဆုတ်ပြေး၊ လက်နက်ခဲယမ်းများကို MNDAAက သိမ်းဆည်းရရှိ

MNDAA တပ်စခန်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အထိနာကာ ဆုတ်ပြေး၊ လက်နက်ခဲယမ်းများကို MNDAAက သိမ်းဆည်းရရှိ
အောက်တိုဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသတွင် MNDAA တပ်စခန်းအား ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် MNDAAတို့ ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို MNDAAက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ စကခ(၁၂) တပ်ရင်း(၃၃၅)မှ လူအင်အား (၃၀)ကျော်သည် အရပ်သားတစ်ဦးအား ဖမ်းဆီးပြီး လမ်းပြအဖြစ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)တပ်ရှိရာသို့ ခေါ်ဆောင်လာရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က (၁၆)ဦးသေပြီး ရိုင်ဖယ်(၁၀)လက်၊ (၆၀)မမ ပစ်အမြောက် တစ်လက်၊ လက်ပစ်အမြောက် တစ်လက်၊ ကျည်ဘောက် (၁၄)ခု၊ ကျည်ဆန် (၂၁၈)တောင့်၊ အသံလွှင့်စက်တစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဂြိုလ်တုဖုန်းတစ်လုံးနှင့် အခြားထောက်ပံ့ရေးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း MNDAAထံမှ သိရသည်။

#TachileikNewsAgency

Photo : The Kokang