စစ်ကောင်စီနှင့် ဒေါက်တိုင်များ တရားမဝင် သစ်ခိုးထုတ်နေမှုများကို တားဆီးရန်အတွက် ပဲခူးရိုးမကို မော်တော်ယာဉ် ဝင်ရောက်ခွင့် ပိတ်လိုက်ကြောင်း PDFက အသိပေး ကြေညာ

စစ်ကောင်စီနှင့် ဒေါက်တိုင်များ တရားမဝင် သစ်ခိုးထုတ်နေမှုများကို တားဆီးရန်အတွက် ပဲခူးရိုးမကို မော်တော်ယာဉ် ဝင်ရောက်ခွင့် ပိတ်လိုက်ကြောင်း PDFက အသိပေး ကြေညာ

ပဲခူးတိုင်း အုတ်ဖို၊ လက်ပံတန်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကောင်စီနှင့် ဒေါက်တိုင်များ တရားမဝင် သစ်ခိုးထုတ်နေမှုများကို တားဆီးရန်အတွက် ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့က စတင်ကာ မော်တော်ယာဉ်များ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်သည်။

အဆိုပါတားမြစ်ချက်သည် ပဲခူးရိုးမကို အမှီပြု၍ သာမန်လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများကို မထိခိုက်စေဘဲ သစ်တောသယံဇာတများအား ကာကွယ်ထိန်းသိမ်းရန်နှင့် စစ်ကောင်စီအတွက် ဝင်ငွေရှာဖွေပေးကြသည့် တရားမဝင် သစ်ခိုးထုတ်မှုများကို တားဆီးဖြတ်တောက်ရန်သာဖြစ်သည်ဟု ဆိုသည်။

ယခုကြေညာချက်ထုတ်ပြီးနောက် လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ထုတ်ပြန်ချက်များကို လိုက်နာပေးရန် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၊ မော်တော်ယာဉ်များအနီး သွားလာနေထိုင်ခြင်းများ လုံးဝမပြုလုပ်ကြရန်လည်း တိုက်တွန်းသတိပေးထားသည်။

သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဒေသအမှတ်(၂) စစ်ဒေသခွဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency