စစ်ကောင်စီတပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချနေသဖြင့် ကျောက်ကြီး-နတ်သံကွင်းကားလမ်းတွင် သွားလာခြင်း မပြုလုပ်ရန် KNDO ထုတ်ပြန်

စစ်ကောင်စီတပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချနေသဖြင့် ကျောက်ကြီး-နတ်သံကွင်းကားလမ်းတွင် သွားလာခြင်း မပြုလုပ်ရန် KNDO ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနေသဖြင့် ပဲခူးတိုင်း ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့ကြား ကားလမ်းပေါ်တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့မှစတင်ကာ သွားလာမှုများ မပြုလုပ်ကြရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)က သတိပေးတားမြစ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူများအား ဒိုင်းကာအဖြစ်သုံးပြုပြီး စစ်ရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းကြောင့် ယင်းသို့ တားမြစ်ခြင်းဖြစ်သည်ဟု သိရသည်။

ကားလမ်းနံဘေးရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကျေးရွာအတွင်း ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်းများ မပြုလုပ်ကြရန်၊ ကျေးရွာနေ ပြည်သူများမှ အရေးပေါ်အခြေအနေများ လိုအပ်မှုအပေါ် သွားလာရန် လိုအပ်လာပါက တာဝန်ရှိ ခေါင်းဆောင်များအား ကြိုတင်အသိပေး သွားလာကြရန်လည်း ထုတ်ပြန်အသိပေးထားသည်။

အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်အား တာဝန်ယူမည်မဟုတ်ဘဲ ယခုထုတ်ပြန်စာသည် ထုတ်ပြန်သည့်နေ့မှာ ပြန်လည်ယုတ်သိမ်းအချင်း အ တည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့နယ်တို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ပြီးခဲ့သည့် ဇွန်လက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

#TachileikNewsAgency