ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူအချို့ ထိခိုက်မှုများရှိ 

  Photo: 𝐤𝐚𝐦𝐋𝐚𝐚𝐭-𝐊𝐚𝐲𝐚𝐡 𝐈𝐃𝐏𝐬 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤
  Photo: 𝐤𝐚𝐦𝐋𝐚𝐚𝐭-𝐊𝐚𝐲𝐚𝐡 𝐈𝐃𝐏𝐬 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤
ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူအချို့ ထိခိုက်မှုများရှိ 
ဧပြီ 29, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမောဆိုအနောက်ဘက်ခြမ်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့  ၂၀၂၃ခုနှစ် ဧပြီလ(၂၉)ရက်နေ့၏  နံနက်နှင့်နေ့လည်ပိုင်းတွင် တစ်နေရာတည်းကို လေကြောင်းဖြင့် ဗုံး(၄)ကြိမ်ဝန်းကျင် လာရောက်ကြဲသလို လက်နက်ကြီးများဖြင့်လည်း အကြိမ်ကြိမ်ပစ်ခတ်ကြောင်း သိရသည်။

ယင်းသို့ ရမ်းသမ်းလုပ်ဆောင်မှုကြောင့် စစ်ရှောင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။ 

ယနေ့ နေ့လည်(၂)နာရီကျော်အချိန်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေလျက်ရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများအပေါ် စာနာထောက်ထားငဲ့ညှာခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ တစ်နေရာပြီး တစ်နေရာ တဆင့် ပြောင်းရွှေ့ တိမ်းရှောင်နေရကြောင်း သိရသည်။