အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို သွားခေါ်သောလေယာဉ် ပြေးလမ်းချော်တိမ်းမှောက်

အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို သွားခေါ်သောလေယာဉ် ပြေးလမ်းချော်တိမ်းမှောက်
ဇန်နဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား သွားခေါ်သည့် စစ်ကောင်စီတပ်လေယာဉ်တစ်စီး ယနေ့  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ပြေးလမ်းချော်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို သွားခေါ်သည့် စစ်ကောင်စီတပ်ထောက်ပို့ 5821 လေယာဉ်သည် Lengpui လေဆိပ်အဆင်းတွင် ပြေးလမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားသည်ဟု သိရသည်။

အဆိုပါပြေးလမ်းချော်မှုကြောင့် စစ်ကောင်စီတပ်သား (၆)ဦးဝန်းကျင် ဒဏ်ရာရသည်ဟုလည်း သိရသည်။

#TachileikNewsAgency