NCAကို စွဲကိုင်ထားဆဲဖြစ်သည်ဟု RCSS ဆို

NCAကို စွဲကိုင်ထားဆဲဖြစ်သည်ဟု RCSS ဆို
သြဂုတ် 21, 2023 | 2021 Military Coup

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အနေဖြင့် ယနေ့ကာလအထိ NCAကို စွဲကိုင်ထားဆဲဖြစ်သည်ဟု RCSSက ယနေ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည် ဩဂုတ်လ(၁၈)ရက်နေ့က RCSS၏ ဗဟိုဌာနချုပ် လွယ်တိုင်လျဲန်းတွင် ပြုလုပ်သည့် အဖွဲ့အစည်း (၆)လပတ်အစည်းအဝေး ဆုံးဖြတ်ချက် သဘောထားကို ထုတ်ပြန်လာခြင်းဖြစ်သည်။

RCSS အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို စွဲကိုင်ထားဆဲဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်းဖြင့်သာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှ တိုင်းပြည်အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲရန်ဖြစ်သော်လည်း အလျော့အတင်းမလုပ်နိုင်သဖြင့် NCA အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency