ဟိုပုံးမြို့နယ်အတွင်း မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ထိခိုက်ကာ အမိုးလန် ပျက်စီး

ဟိုပုံးမြို့နယ်အတွင်း မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ထိခိုက်ကာ အမိုးလန် ပျက်စီး

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စုအတွင်း မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံး ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စုအတွင်း ကုန်းသာကျေးရွာတွင် ၂၀၂၃ခုနှစ် ဧပြီလ(၂၂)ရက်နေ့ ည(၆)နာရီ မထိုးမီအချိန်က မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ထောင်အိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။



သွပ်မိုး၊ ထရံကာ၊ ပျဉ်ထောင်အိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့ရာတွင် နေအိမ်များမှာမိုးထားသည့် သွပ်အချပ်ပေါင်း (၄၀)မှာ အမိုးလန်ပျက်စီးသွားကြောင်း နှင့် လေပြင်းတိုက်ခိုက်မှုကြောင်း လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။ 

#TachileikNewsAgency