တောင်ကြီး PDF သို့ အာဏာသိမ်းစစ်တပ်တွင်းမှ ဖရဲသီးတစ်ဦးက ကျည်(၂)ကဒ်နှင့် ငွေကျပ် (၃)သိန်း လှူဒါန်း

တောင်ကြီး PDF သို့ အာဏာသိမ်းစစ်တပ်တွင်းမှ ဖရဲသီးတစ်ဦးက ကျည်(၂)ကဒ်နှင့် ငွေကျပ် (၃)သိန်း လှူဒါန်း
နိုဝင်ဘာ 17, 2021 | ရှမ်းတောင်

အာဏာသိမ်းစစ်တပ်အတွင်းမှ ဖရဲသီးတစ်ဦးက တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ကျည်ကဒ် (၂) ကဒ်နှင့် ငွေကျပ် (၃) သိန်းကို ပေးပို့လှူဒါန်းမှုအတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် တောင်ကြီး PDF က  မှတ်တမ်းတင်ဂုဏ်ပြုဖေါ်ပြထားသည်။

အာဏာသိမ်းအဖွဲ့၏ လက်အောက်တွင် မနေလို၍ တပ်ကိုစွန့်ခွာကာ CDM လုပ်သွားသူများရှိပြီး အချို့မှာ CDM လုပ်နိုင်ခြင်း မရှိသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ တပ်တွင်းမှနေ၍ သတင်းအချက်အလက်ပေးပို့ခြင်းအပြင် ပံ့ပိုးကူညီခြင်းများကိုလည်း လုပ်ဆောင်လာကြသည်ကို တွေ့လာရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ ထွက်လာနိုင်ခြင်းမရှိသေး၍ ဆက်လက်လုပ်ကိုင်နေပြီး ပြည်သူများအတွက် ရသည့်နည်းလမ်းဖြင့် ပံ့ပိုးနေသူများကို တပ်တွင်းဖရဲသီးများဟု ခေါ်ဆိုကြခြင်းဖြစ်သည်။