ရှမ်းပြည်နယ်တွင်း ဌာနဆိုင်ရာများအနေဖြင့် PDF များကို သတိထားကြရန် လျှို့၀ှက်သတိပေး

ရှမ်းပြည်နယ်တွင်း ဌာနဆိုင်ရာများအနေဖြင့် PDF များကို သတိထားကြရန် လျှို့၀ှက်သတိပေး
ဇူလိုင် 8, 2021 | ရှမ်းတောင်

 ရှမ်းပြည်နယ်တွင်း ဌာနဆိုင်ရာများအနေဖြင့် PDF များကို သတိထားကြရန် အာဏာသိမ်းစစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့က ခရိုင်အဆင့်ဌာနဆိုင်ရာများအားလုံးကို ဇူလိုင်လ၏ ပထမပတ်အတွင်းကစ၍ လျှို့ဝှက် ညွှန်ကြားထားသည်ဟု သိရသည်။

ပြည်နယ်အတွင်းမှ ဌာနများအား သတိပေးညွှန်ကြားရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ ပြည်နယ်အဆင့်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် စတင်ညွှန်ကြားထားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ညွှန်ကြားစာအရ ဌာနဆိုင်ရာများအနေဖြင့် စာသင်ကျောင်းများ၊ အစိုးရဌာအဆောက်အဦများ မီးရှို့ဖျက်ဆီးဖေါက်ခွဲခံရခြင်းမရှိစေရေး လုံခြုံရေးဆောင်ရွက်ကြရန်လည်း ပါဝင်သည်ဟု  သိရသည်။