အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လူမျိုးတုံးသတ်ဖြတ်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ထိရောက်သော တားဆီးမှုများ ပြုလုပ်ရန် NLD တောင်းဆို တိုက်တွန်း

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လူမျိုးတုံးသတ်ဖြတ်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ထိရောက်သော တားဆီးမှုများ ပြုလုပ်ရန် NLD တောင်းဆို တိုက်တွန်း

 

 မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်တွင် လူမျိုးတုန်း သတ်ဖြတ်မှုများကို အရှက်တရားကင်းမဲ့စွာ ကျူးလွန်ပြနေမှုသည့်အတွက် ​ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ထိရောက်သော တားဆီးမှုများပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က တောင်းဆို တိုက်တွန်းလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပဇီကြီးကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအား ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို လူမဆန်စွာ ကျူးလွန်ခဲ့မှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပဇီကြီးကျေးရွာ၌ လူအများ စုဝေးနေချိန်၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တစ်ပြိုင်နက် အမ်အိုင်-၃၅ စစ်ဖက်သုံးရဟတ်ယာဉ် တစ်စီးက စက်သေနတ်ဖြင့် အဆက်မပြတ် (၁၅)မိနစ်ကြာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် ဒေသခံ အနည်းဆုံး (၅၀)အထက် သေဆုံးခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဦးဆောင်မှုဖြင့် မြန်မာပြည်တစ်ဝန်းလုံး၌ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိရာ မြန်မာပြည်တစ်ဝန်း၌  လူမျိုးတုံးသတ်ဖြတ်မှုများအားလုံးအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာရှုတ်ချသည်ဟုလည်း ဆိုထားသည်။