ချင်းပြည်နယ်မှာ (၄)လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးပြည်နယ်ဖြစ်

infographic: Burma Affairs & Conflict Study (BACS)
infographic: Burma Affairs & Conflict Study (BACS)
ချင်းပြည်နယ်မှာ (၄)လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးပြည်နယ်ဖြစ်

ချင်းပြည်နယ်မှာ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှုအများဆုံး ပြည်နယ်ဖြစ်ကြောင်း Burma Affairs & Conflict Study (BACS)က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ 



စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့်အထဲတွင် စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်ပစ်ခတ်မှု အများဆုံးဖြစ်ခဲ့သော်လည်း ချင်းပြည်နယ်မှာ လေကြောင်းမှ အများဆုံးတိုက်ခိုက်ခံရသည့် ပြည်နယ်ဖြစ်ကြောင်း BACS၏ ဖော်ပြချက်အရ သိရသည်။ 

ချင်းပြည်နယ်တစ်ခုတည်းတွင် စစ်ကောင်စီတပ်သည် လေကြောင်း မှ (၃၈)ကြိမ် တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သား(၁၉)ဦးနှင့် တော်လှန်ရေးတပ်သား(၆)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လေကြောင်းမှ ထန်တလန်၊ မင်းတပ်နှင့် မတူပီမြို့နယ်တို့ကို အဓိက တိုက်ခိုက်ခဲ့ပြီး ထန်တလန်မြို့နယ်တစ်ခုတည်းမှာ (၁၇)ကြိမ်ရှိခဲ့ကာ တိုက်ပွဲမဖြစ်သည့် လူနေကျေးရွာများကို လေယာဉ်နှင့် ပစ်ခတ်ဗုံးကြဲခဲ့ခြင်းကြောင့် လူနေအိမ်အဆောက် အဦး အများအပြားပျက်စီးခဲ့ရသည်ဟု သိရသည်။

တိုက်ပွဲများ တောက်လျှောက်ရှိနေသည့် စစ်ကိုင်းတိုင်းတွင်လည်း လေကြောင်း တိုက်ခိုက်မှု (၃၇)ကြိမ်ရှိခဲ့ပြီး ပဇီကြီးဖြစ်ရပ်အပါအဝင် အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး (အနည်းဆုံး) (၁၅၀)ကျော်သေဆုံးခဲ့ရကြောင်း သိရသည်။

"ဒီထဲမှာ ထူးခြားတာက အများဆုံး တိုက်ခိုက်ခံခဲ့ရတာက လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးတွေနဲ့ ရွေးကောက်ပွဲအတွက်လူဦးရေစာရင်းကောက် ယူနေချိန်မှာ တိုက်ခိုက်မှုတို့ ဖြစ်ပါတယ်။"ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဌာနဆိုင်ရာနှင့် ရုံးများကို ရုံးလုပ်ငန်းဆောင်ရွက်နေကြချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်မှု ဧပြီ လအထိ (၁၆၄)ကြိမ်ရှိခဲ့ရာ စစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ် ကြောင်း သိရသည်။