ဂျပန်တောင်ပိုင်းကို အလွန်အန္တရာယ်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်

Photo: STR / JIJI Press / AFP
Photo: STR / JIJI Press / AFP
ဂျပန်တောင်ပိုင်းကို အလွန်အန္တရာယ်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်
စက်တင်ဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်တောင်ပိုင်းကို အလွန်အန္တရာယ်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်

ဂျပန်နိုင်ငံ တောင်ပိုင်း Kyushu ကျွန်းကို အလွန်အန္တရာယ်ရှိသည့် တိုင်ဖွန်မုန်တိုင်းတစ်ခု ဦးတည်လာနေရာ လေပြင်းတိုက်ခတ်မှုများ မဖြစ်ပေါ်မီ ဒေသခံများ ရွှေ့ပြောင်းကြရန် မိုးလေဝသဌာနက စက်တင်ဘာလ (၁၇) ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားသည်။ 

ဂျပန်မိုးလေဝသဌာန၏ စက်တင်ဘာလ (၁၇) ရက် ထုတ်ပြန်ချက်အရ တိုင်ဖွန်း Nanmadol မှာ လေတိုက်နှုန်း တစ်နာရီလျှင်  (၁၆၇) မိုင်ကျော်ဖြင့် Okinawa ကျွန်း၏အရှေ့ဘက် (၂၄၈) မိုင်အကွာရှိ ဝေးလံသီခေါင်သေသာ Minami Daito ကျွန်းအနီးတွင် တိုက်ခတ်နေကြောင်း သိရသည်။

ထိုမုန်တိုင်းမှာ စက်တင်ဘာလ (၁၈) ရက်နေ့တွင် Kyushu ကျွန်းရှိ Kagoshima စီရင်စုသို့ ကုန်းတွင်မုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ပြီး နောက်တစ်ရက်တွင် မြောက်ဘက်သို့ ရွေ့လျားကာ ဂျပန်ကျွန်းမကြီးသို့ ဦးတည်သွားမည်ဟု ခန့်မှန်းထားသည်။

 တိုင်ဖွန်းမုန်တိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ချိန်တွင် မိုးရေချိန် လက်မ (၂၀) အထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

"မကြုံစဖူး မုန်တိုင်းအန္တရာယ်တွေရှိပါတယ်။ မြင့်မားတဲ့ လှိုင်းလုံးတွေ၊ မုန်တိုင်းဒီရေတွေနဲ့ စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အမြင့်ဆုံး သတိထားဖို့ လိုပါတယ်။ အလွန်အန္တရာယ်ရှိတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ဖြစ်ပါတယ်" ဟု ၎င်းက သတိပေးသည်။ 

မိုးလေဝသဌာနက Kagoshima စီရင်စုအတွက် မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်သွားနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

"မုန်တိုင်းကြောင့် လေပြင်းတိုက်မှုက တချို့အိမ်တွေ လဲပြိုသွားနိုင်အောင် ပြင်းထန်ပါလိမ့်မယ်။ ရေကြီးမှုနဲ့ မြေပြိုမှုတွေလည်း ဖြစ်နိုင်တယ်" ဟု Kurora က သတိပေးသည်။ 

အမေရိကန်ရေတပ်၏ Joint Typhoon Warning Center က Nanmadol ကို စူပါတိုင်ဖွန်းမုန်တိုင်းအဆင့် သတ်မှတ်ထားပြီး ဆယ်စုနှစ်များအတွင်း ဂျပန်ကို ဝင်ရောက်တိုက်ခတ်သည့် ဖျက်အားအကြီးဆုံး အပူပိုင်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်း ပြောထားသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းရာသီဖြစ်ပြီး တစ်နှစ်လျှင် မုန်တိုင်းတိုက်ခတ်မှု အကြိမ် (၂၀) ခန့် ကြုံရလေ့ရှိပြီး မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်စေသည့် မိုးသည်းထန်စွာရွာသွန်းမှုများ ပုံမှန်ကြုံရလေ့ရှိသည်။ 

ယခု Nanmadol မှာ ယခုနှစ် တိုင်ဖွန်းရာသီတွင် ဂျပန်နိုင်ငံအတွက် (၁၄) ခုမြောက် မုန်တိုင်းလည်း ဖြစ်သည်။ 

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက မုန်တိုင်းများကို ပိုမိုအားကောင်းစေပြီး အပူလှိုင်းများ၊ မိုးခေါင်မှုများနှင့် ရုတ်တရက် ရေကြီးမှုများကဲ့သို့ ဆိုးရွားပြင်းထန်သည့် မိုးလေဝသအခြေအနေကို ပို၍မကြာခဏနှင့် ပို၍ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

ယခုလအစောပိုင်းတွင်လည်း ဂျပန်နိုင်ငံကို တိုင်ဖွန်း Hinnamnor ဝင်ရောက်တိုက်ခတ်ခဲ့ရာ ဒါဇင်နှင့်ချီသည့် လေကြောင်းခရီးစဥ်များ ဖျက်သိမ်းခဲ့ရပြီး စက်ရုံအချို့ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။ 

တိုင်ဖွန်း Hinnamnor က ဂျပန်ကိုမဝင်မီ တောင်ကိုရီးယားတွင် ဖြတ်သန်းတိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ (၁၀) ဦး သေဆုံးခဲ့သည်။

Source: Reuters