တောင်ကြီးမြို့ရှိ Mytel ရုံးချုပ်အနီးဝန်းကျင်တွင် ဗုံး(၂)လုံး ပေါက်ကွဲ

တောင်ကြီးမြို့ရှိ Mytel ရုံးချုပ်အနီးဝန်းကျင်တွင် ဗုံး(၂)လုံး ပေါက်ကွဲ
ဖေဖော်ဝါရီ 1, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့  ရွှေသူဌေးကုန်းရပ်ကွက်အတွင်း အမှတ်(၂၁၂) ဆက်သွယ်ရေးတပ်အနီးရှိ အာဏာသိမ်းစစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် Mytel ရုံးချုပ်အနီးဝန်းကျင်တွင် အသံမိုင်း(၂)လုံး ပေါက်ကွဲကြောင်း သိရသည်။

ည(၆) နာရီခွဲက မိုင်တဲရုံးချုပ်အနား အသံမိုင်း(၂)လုံး ကွဲတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝါးပြားလမ်းဘက်တွင် အာဏာသိမ်းစစ်တပ်နှင့်ရဲက မသင်္ကာ၍ဟုဆိုကာ သေနတ်ဖြင့် (၆)ချက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရေအေးကွင်းနှင့် သစ်တောရပ်ကွက်တို့ဘက်တွင်လည်း ပေါက်ကွဲမှုများ ကြားရသည်ဟု ဒေသခံအချို့က အတည်ပြုသည်။