ေတာင္ႀကီးတြင္ စိတ္ၾကြေဆးျပား တစ္သိန္းခြဲေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိမႈမွ ကြင္းဆက္တရားခံ ထြက္ေျပးေန

ေတာင္ႀကီးတြင္ စိတ္ၾကြေဆးျပား တစ္သိန္းခြဲေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိမႈမွ ကြင္းဆက္တရားခံ ထြက္ေျပးေန
ဇွန် 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္၊ ပန္းတင္ေက်း႐ြာအုပ္စု၊ ဂႏိုင္ေ႐ြးေက်း႐ြာရိွ ေနအိမ္ တစ္လံုးတြင္  စိိတ္ၾကြရူးသြပ္ေဆးျပား တစ္သိန္းခြဲေက်ာ္ ဖမ္းဆီးရမိၿပီး ကြင္းဆက္တရားခံ၏ ေနအိမ္မွ မူးယစ္ေဆးမ်ား ထပ္မံ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ေမလ (၃၁) ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္တြင္ ဂႏုိင္ေရြးေက်းရြာမွ  ခြန္သူရေမာင္ (ခ)ႏႈတ္ခမ္းေမႊး၏ ေနအိမ္ကို ၀င္ေရာက္ရွာေဖြရာ စတိုခန္းအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၂,၀၀၀) ျပားႏွင့္ ေျမေအာက္ခန္း ကုတင္ေအာက္ရွိ သံေသတၱာအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၂၄,၀၀၀) ျပားတို႔ကို သိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ဖမ္းဆီးရမိမႈမွ ကြင္းဆက္တရားခံျဖစ္သည့္ ေတာင္ႀကီးၿမိဳ႕၊ ဘုရားျဖဴရပ္ကြက္၊ ပန္းတင္လမ္းမႀကီး လမ္းေန ေလာက္အယ္(ခ)တာက်ဲ(ခ)အစိုင္း(ခ)တ႐ုတ္ႀကီး၏ ေနအိမ္ကို ရွာေဖြရာ ေလာက္အယ္၏ အိပ္ခန္း အတြင္းမွ ဘိန္းဆီခဲ (၁၀) ဂရမ္ႏွင့္ ICE တစ္ဂရမ္တို႔ကို ထပ္မံသိမ္းဆည္းရမိၿပီး ေလာက္အယ္အား ဖမ္းဆီးရမိျခင္းမရိွေသးေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခြန္သူရေမာင္(ခ)ႏႈတ္ခမ္းေမႊးႏွင့္ ဖမ္းဆီးရရိွျခင္း မရိွေသးသည့္ ေလာက္အယ္(ခ) တာက်ဲ (ခ) အစိုင္း (ခ)တ႐ုတ္ႀကီးတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ ဂနိုင်ရွေးကျေးရွာရှိ နေအိမ် တစ်လုံးတွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲကျော် ဖမ်းဆီးရမိပြီး ကွင်းဆက်တရားခံ၏ နေအိမ်မှ မူးယစ်ဆေးများ ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် မေလ (၃၁) ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် ဂနိုင်ရွေးကျေးရွာမှ ခွန်သူရမောင် (ခ)နှုတ်ခမ်းမွှေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စတိုခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၂,ဝဝဝ) ပြားနှင့် မြေအောက်ခန်း ကုတင်အောက်ရှိ သံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၄,ဝဝဝ) ပြားတို့ကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံဖြစ်သည့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင်လမ်းမကြီး လမ်းနေ လောက်အယ်(ခ)တာကျဲ(ခ)အစိုင်း(ခ)တရုတ်ကြီး၏ နေအိမ်ကို ရှာဖွေရာ လောက်အယ်၏ အိပ်ခန်း အတွင်းမှ ဘိန်းဆီခဲ (၁၀) ဂရမ်နှင့် ICE တစ်ဂရမ်တို့ကို ထပ်မံသိမ်းဆည်းရမိပြီး လောက်အယ်အား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ခွန်သူရမောင်(ခ)နှုတ်ခမ်းမွှေးနှင့် ဖမ်းဆီးရရှိခြင်း မရှိသေးသည့် လောက်အယ်(ခ) တာကျဲ (ခ) အစိုင်း (ခ)တရုတ်ကြီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~