KNU ၏ တပ်မဟာ(၅)နယ်မြေအတွင်းမှ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ အမြန်ဆုံး ထွက်ခွာသွားရန် သတိပေး ထုတ်ပြန်

KNU ၏ တပ်မဟာ(၅)နယ်မြေအတွင်းမှ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ အမြန်ဆုံး ထွက်ခွာသွားရန် သတိပေး ထုတ်ပြန်
ဇန်နဝါရီ 30, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းမှ အာဏာသိမ်းစစ်ကောင်စီလက်အောက် ဌာနဆိုင်ရာဝန်ထမ်းများ အမြန်ဆုံးထွက်ခွာသွားပေးရန် KNU တပ်မဟာ(၅)က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်တွင် ထုတ်ပြန် သတိပေးထားသည်။

အဆိုပါ ဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နောက်ဆုံးထားကာ ရေလမ်းခရီးမှ ထွက်ခွာကြရန်နှင့် ဖာပွန်မြို့ခံဝန်ထမ်းများအနေဖြင့် စစ်ကောင်စီလက်အောက် ဌာနများတွင် တာဝန်ထမ်းဆောင်ခြင်းမှ ရှောင်ရှားကြရန် သတိပေးထားသည်။

အဆိုပါ သတိပေးခြင်းကို လိုက်နာခြင်း မရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားပြီး တပ်မဟာ(၅)နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားမလည်ပတ်နိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။