စစ်ရေးဆိုင်ရာသတင်းများကို အွန်လိုင်းတွင် ချက်ချင်းဖြန့်ဝေခြင်းမပြုကြရန် KNU မေတ္တာရပ်ခံချက်ထုတ်ပြန်

စစ်ရေးဆိုင်ရာသတင်းများကို အွန်လိုင်းတွင် ချက်ချင်းဖြန့်ဝေခြင်းမပြုကြရန် KNU မေတ္တာရပ်ခံချက်ထုတ်ပြန်
ဒီဇင်ဘာ 15, 2021 | အခြားဒေသများ

ကရင်ပြည်နယ်တွင်း အာဏာသိမ်းစစ်တပ်၏ နယ်မြေကျော်ဝင်ရောက်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် မြေပြင်အခြေအနေများအား အွန်လိုင်းတွင် ချက်ချင်းဖြန့်ဝေနေကြသည်များကြောင့် ထိခိုက်နစ်နာမှုများ မဖြစ်စေရေးအတွက် ကရင်အများသားလွတ်မြောက်ရေးတပ်မတော် (KNU)ဗဟိုက ၂၀၂၁ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ကတည်းက အောက်ပါအတိုင်း မေတ္တာရပ်ခံချက်ကို  ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

၁။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အကြမ်းဖက်စစ်အုပ်တို့၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက online ပေါ်၌ အလျင်စလို မတင်ရန် မေတ္တာရပ်ခံအပ်ပါသည်။

၂။ ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဥ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဆက်လက်လုပ်ဆောင်ရမည့်အရာများရှိနေသည့်အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှုအကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသို့သက်ရောက်ပြီး စစ်မြေပြင်၌  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဥ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပါသည်။

၃။ ပုံမှန်အားဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခြင်းနှင့် စစ်ကူတပ်ဖွဲ့များစေလွတ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

၄။ ထို့ကြောင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသော အချိန်မှသာလျင် onlineပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံပါသည်။