မုံရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်ဝတ်ရတနာများနှင့် ခဲယမ်းများကို ဒေသကာကွယ်ရေးတပ်များ သိမ်းဆည်းရရှိ

မုံရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်ဝတ်ရတနာများနှင့် ခဲယမ်းများကို ဒေသကာကွယ်ရေးတပ်များ သိမ်းဆည်းရရှိ
အောက်တိုဘာ 28, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်ဝတ်ရတနာများနှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း အောင်ဆန်းမျိုးဆက်တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသော စစ်ကောင်စီတပ် အင်အား (၃၀)ပါ စစ်ကြောင်းအား မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးတွင် ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၁၃)တပ်ရင်း (အောင်ဆန်းမျိုးဆက်)နှင့် ဘုတလင်မြို့နယ်မှ ကျောင်းသားလက်ရုံးတပ်တော်၊ ဒေသခံ ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများကာ အောင်ဆန်းမျိုးဆက်မှ တပ်စိပ်မှူး ရဲဘော်စည်ကြီး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ယူနီဖောင်း (၁)ထည်၊ ၄၀မမ (၁)လုံး၊ ၇.၆၂ ကျည် (၈၂)တောင့်၊ ၅.၅၆ကျည် (၂၀)တောင့်၊ ဆွဲကြိုး (၂)ကုံး၊ ကျောက်စိမ်း (၆)လုံး၊ ကျည်ဘောက် (၃)ခု၊ပိုက်ဆံ (၅၀၀၀)၊ စစ်သုံးအိပ် (၁)လုံး နှင့် အခြားသော ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency