ဂန့်ဘလူမြို့နယ်အတွင်း နေအိမ်များ မီးရှို့ခံရပြီး ဒေသခံ(၃)ဦး သတ်ဖြတ်ခံရသလို အမျိုးသမီး (၂)ဦးကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

ဂန့်ဘလူမြို့နယ်အတွင်း နေအိမ်များ မီးရှို့ခံရပြီး ဒေသခံ(၃)ဦး သတ်ဖြတ်ခံရသလို အမျိုးသမီး (၂)ဦးကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စုအတွင်း ဂါးဂလော်ရွာတွင် ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းပါ မကျန် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ပြီး ဒေသခံအမျိုးသား(၃)ဦးသတ်ဖြတ်ခံရကာ အမျိုးသမီး (၂)ဦး ပျောက်ဆုံးနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်က စစ်ကောင်စီတပ်၏ အမှတ် (၃၆၈)  ခြေမြန်တပ်ရင်း  နှင့် ပျူစောထီးများသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်၍ ဘုန်းကြီးကျောင်းနှင့် ကျေးလက်ဆေးပေးခန်းပါမကျန် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အိမ်ခြေ (၁၀၀)ခန့်ရှိ ဂါးဂလော်ရွာတွင် နေအိမ် (၂၃)လုံးအား မီးရှိဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကာ ကျန်အမျိုးသားနှစ်ဦးကိုမူ မီးရှို့သတ်ဖြတ်ထားသဖြင့် မီးလောင်ပြာကျနေသည့် အရိုးစုနှစ်ခုအဖြစ်ကို တွေ့ရှိခဲ့ရသည်။

ကျန်ဖမ်းဆီးခံထားရသည့် အမျိုးသမီး(၂)ဦးကိုမူ ယခုအချိန်အထိ ပြန်လည် မတွေ့ရှိရသေးကြောင်း မြေပြင်သတင်းပေးပို့မှုများအရ သိရသည်။ 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းသည် လွှဆိပ်၊ လက်ခုပ်ကုန်းနှင့် ဘောရွာတိုအား အကြမ်းဖက်ဝင်ရောက် မီးရှိဖျက်ဆီးမှုများ ကျူးလွန်ထားသည့် စစ်ကြောင်းလည်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် မြေပြင်အခြေအနေတွင် ကျေးရွာများသို့ တရွာဝင် တရွာထွက်ပြုလုပ်ကာ ဒေသခံများကို ဖမ်းဆီးနှိပ်စက်မေးမြန်းခြင်း PDF များနှင့် ပတ်သက်သည့်ဟု စွတ်စွဲကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်သော်လည်း ထိုသို့ ပြုလုပ်သည်ကို ၎င်းတို့အနေဖြင့် အမှန်အတိုင်း ဝန်ခံလေ့မရှိဘဲ PDF များကသာ နေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟုသာ သတင်းထုတ်ပြန်လေ့ရှိသည်။

ဒေoခံများမှာ အာဏာသိမ်းစစ်တပ် နှင့် ပျူစောထီးအဖွဲ့တို့၏ ရိုင်းစိုင်းဆဲဆိုကာ ညှင်းပမ်းနှိပ်စက်မေးမြန်းမှုများကို မခံနိုင်၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

 

Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့