အဖိနှိပ်ခံပြည်သူနှင့် စစ်အာဏာရှင်အုပ်စုကြား ရှင်းရမည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်အာဏာရှင်အတွက် မစတေးကြရန် KNDF စစ်ဦးစီးအဖွဲ့ပန်ကြား

အဖိနှိပ်ခံပြည်သူနှင့် စစ်အာဏာရှင်အုပ်စုကြား ရှင်းရမည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်အာဏာရှင်အတွက် မစတေးကြရန် KNDF စစ်ဦးစီးအဖွဲ့ပန်ကြား
စက်တင်ဘာ 8, 2021 | ကယား

လက်ရှိတော်လှန်ရေးသည် အဖိနှိပ်ခံပြည်သူများနှင့် စစ်အာဏာရှင်အုပ်စုကြား ရှင်းရမည့်တိုက်ပွဲဖြစ်၍ ကယား (ကရင်နီ) ပြည်နယ်အတွင်းမှ နယ်မြေခံစစ်ကောင်စီတပ်များအနေဖြင့် စစ်အာဏာရှင်အတွက် မစတေးကြဘဲ ဖိနှိပ်ခံပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပူးပေါင်းကြရန် KNDF စစ်ဦးစီးအဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင် အသိပေးပန်ကြားထားသည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးလုပ်နေကြသည့် KNDF သည် စစ်သားနှင့် ရဲများကို မုန်း၍ တိုက်နေခြင်းမဟုတ်သည့်အပြင် မည်သည့်ပါတီ အာဏာရရှိရေးအတွက်မှ တိုက်နေခြင်း မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုန်းပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက်သာ တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟု ၎င်းတို့၏ တော်လှန်ရေးရည်ရွယ်ချက်ကို ဖေါ်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များအနေဖြင့်  အာဏာရှင်အုပ်စု၏ အကျိုးအတွက် စတေးခြင်းကို စွန့်လွှတ်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းရပ်တည်လာပါက လုံခြုံရေးနှင့် အစစအရာရာ အထူးတာဝန်ယူမည်ဖြစ်ကြောင်းလည်း အသိပေးကမ်းလှမ်းထားသည်။