လွိုင်ကော်မြို့တွင် Mytel ရုံး ဗုံးပေါက်ပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်နေ

လွိုင်ကော်မြို့တွင် Mytel ရုံး ဗုံးပေါက်ပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်နေ
သြဂုတ် 26, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊  လွိုင်ကော်မြို့  ထေးသမ(ချိကယ်)ရပ်ကွက်ရှိ Mytel ရုံးတွင် ၂၀၂၁ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့ ည (၇) နာရီ (၅၀) မိနစ်ဝန်းကျင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆက်တိုက်ပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။

ဗုံးကွဲပြီးတော့ သေနတ်သံ (၆) ချက်လောက် ပစ်တာကြားရတယ်။ အခုလည်း ပစ်နေတယ်။ စက်သေနတ်သံတွေ ကြားရတယ်

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း ကနဦးသတင်းအရ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် သြဂုတ်လ (၂၅) ရက်နေ့  ညပိုင်းကလည်း မင်္ဂလာရပ်ကွက်ရှိ Mytel ရုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ဩဂုတ်လ (၂၃) ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်ရှိ mytel တာဝါတိုင် ဖေါက်ခွဲခံရသည်။

လွိုင်ကော်မြို့ ကို ယခင် ညမထွက်ရအမိန့် ည (၁၀)နာရီမှ နံနက် (၄)နာရီအစား ဩဂုတ်လ (၂၃) ရက်နေ့မှစ၍ ည (၈)နာရီမှ နံနက် (၄) နာရီဟု အာဏာသိမ်းအဖွဲ့က ပြင်ဆင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်း

လွိုင်ကော်မြို့ ရှိ Mytel ရုံးတွင် ဗုံးပေါက်ကွဲ