ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးထံ လိပ်မူ၍ မသင်္ကာဖွယ် ပါဆယ်ထုတ်ရောက်လာ၍ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် စစ်ဆေး ဖွင့်ဖောက်ခဲ့ရ

ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးထံ လိပ်မူ၍ မသင်္ကာဖွယ် ပါဆယ်ထုတ်ရောက်လာ၍ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် စစ်ဆေး ဖွင့်ဖောက်ခဲ့ရ
နိုဝင်ဘာ 10, 2020
By Tachileik News Agency
ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးထံ လိပ်မူ၍ မသင်္ကာဖွယ် ပါဆယ်ထုတ်ရောက်လာ၍ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် စစ်ဆေး ဖွင့်ဖောက်ခဲ့ရ
ကယားပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအံ့မော်နာမည်ဖြင့် မှာယူထားခြင်းမရှိသည့် ပါဆယ်ထုတ်ရောက်လာသည့်အတွက် မသင်္ကာသဖြင့် လွိုင်ကော် အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲနှင့် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရှင်းလင်းထားရကြောင်း သိရသည်။
မော်တော်ယာဉ်လိုင်းတစ်ခုတွင် ကယားပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအံ့မော်နာမည်ဖြင့် ရန်ကုန်မှ ပေးပို့လာသော ပါဆယ်ထုပ်ရောက်နေကြောင်း နိုဝင်ဘာလ (၉) ရက်နေ့ ညနေပိုင်းက ဆက်သွယ်လာရာ ဦးအံ့မော် မှာယူထားခြင်း မရှိကြောင်း သိရသဖြင့် အဆိုပါ ပစ္စည်းထုပ်အား စစ်ဆေးပေးရန်  ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မသင်္ကာဖွယ် ပစ္စည်းထုပ်အား ရဲတပ်ဖွဲ့နှင့် အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ ရှင်းလင်းရေးတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးဖွင့်ဖေါက်ရာ wifi-tp- link စက် (၁)လုံး၊ Sony မိုက် (၂) လုံး၊ T2F Amplifier (၁)လုံး၊ T2F ဆောင်းဘောက် (၂) လုံး၊ Golden Flend System ပုံး (၁)လုံးနဲ့ Handgel ဘူး (၅၀) ပါ (၁) ဖာတို့ ပါဝင်သည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အမည်မသိပေးပို့ထားသည့် အဆိုပါ ပစ္စည်းများအား ကယားပြည်နယ်ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျကြီးကြပ်ရေးကော်မတီမှ ထိန်းသိမ်းထားရှိကြောင်းသိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~