ကယားပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၃၅)ထပ်တိုး၊ ( ၂)ဦး ထပ်မံသေဆုံး

ကယားပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၃၅)ထပ်တိုး၊ ( ၂)ဦး ထပ်မံသေဆုံး
ဇူလိုင် 25, 2021 | Covid-19| ကယား

ကယား (ကရင်နီ)ပြည်နယ်တွင် ဇူလိုင်လ(၂၅)ရက်နေ့တစ်နေ့တာအတွင်း COVID-19 အတည်ပြုလူနာ (၃၅)ဦးတွေ့ရှိပြီး အတည်ပြုလူနာ ( ၂ )ဦး ထပ်မံသေဆုံးကြောင်း သိရသည်။ 

ဇူလိုင်လ(၂၅)ရက်နေ့တွင် စစ်ဆေးချက်အရ လွိုင်ကော်မြို့တွင် (၁၂)ဦးနှင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် (၂၃)ဦး စုစုပေါင်း (၃၅)ဦးတို့တွင် COVID-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 အတည်ပြုလူနာအဖြစ် ဆေးကုသမှုခံယူနေသော အသက် (၄၆)နှစ်အရွယ်နှင့် အသက် (၄၈)နှစ်အရွယ်အမျိုးသမီး (၂)ဦးမှာ သေဆုံးသွားသဖြင့်  ရွှေလွိုင်ကော်ပရဟိတအသင်းက (၄)မိုင်သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင် COVID -19 ပိုးတွေ့ရှိသူအရေအတွက်မှာ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းထိ လွိုင်ကော်မြို့တွင်  ( ၃၄၇)ဦး၊ ဖရူဆိုမြို့တွင် ( ၆) ဦး၊ ဘောလခဲမြို့တွင် ( ၁၄)ဦး၊ ဖားဆောင်းမြို့တွင်( ၃၀)ဦး တို့ဖြစ်ပြီး တပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၃၉၇)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၁၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။