တာချီလိတ်တွင် COVID-19 စောင့်ကြည့်လူနာ (၄)ဦး ထပ်တိုး

တာချီလိတ်တွင် COVID-19 စောင့်ကြည့်လူနာ (၄)ဦး ထပ်တိုး
ဧပြီ 4, 2020
By Tachileik News Agency
တာချီလိတ်တွင်  COVID-19 စောင့်ကြည့်လူနာ (၄)ဦး ထပ်တိုး 

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့က COVID 19 စောင့်ကြည့်လူနာ (၄)ဦးထပ်တိုးသဖြင့် ဓါတ်ခွဲနမူနာပို့စစ်ရမည့် စောင့်ကြည့်လူနာ စုစုပေါင်း (၆)ဦးရှိနေကြောင်း သိရသည်။

အခုဆေးရုံမှာ စောင့်ကြည့် (၈) ဦးရှိတယ်။ (၂) ဦးက ဓါတ်ခွဲအဖြေ negative ရထားတယ်။ (၆) ဦးကတော့ ဓါတ်ခွဲနမူနာ ပို့စစ်ရမယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဧပြီလ (၃) ရက်နေ့က ရောက်လာသည့် စောင့်ကြည့်လူနာ (၄) ဦးတွင် ဆန်ဆိုင်း (ခ)ရပ်ကွက်မှ တရုတ်နိုင်ငံသား (၁)ဦးနှင့် ထိုင်းနိုင်ငံသူ (၁)ဦး၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်လာသူ (၂)ဦးတို့ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ ပြန်ဝင်လာသည့် ဇနီးမောင်နှံနှစ်ဦးကို ဝမ်ပုံဆိပ်ကမ်းတွင် ကိုယ်အပူချိန် တိုင်းတာရာ ကိုယ်အပူချိန်မြင့်နေသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ချော်လဲသည်ဟု ဆေးရုံလာပြသည့် တရုတ်နိုင်ငံသားတစ်ဦးမှာလည်း ကိုယ်အပူချိန်မြင့်နေ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ညပိုင်းတွင် ကိုယ်အပူချိန်မြင့်နေသည့် ထိုင်းနိုင်ငံသူတစ်ဦး ဆေးရုံရောက်လာသဖြင့် စောင့်ကြည့်လူနာသတ်မှတ်၍ ဓါတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ပြည်သူ့ဆေးရုံတွင်  ဧပြီလ (၂)ရက်နေ့ကလည်း ထိုင်းနိုင်ငံမှ ပြန်လာသူနှစ်ယောက် လာတည်းသွားသည့် နေအိမ်မှ အမျိုးသမီး (၁)ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူများနှင့် ထိတွေ့ခဲ့သည့် မိုင်းလင်းမှ အမျိုးသား (၁)ဦးတို့ ကိုယ်အပူချိန်မြင့်၊ ချောင်းဆိုးနေသဖြင့် စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~