လွိုင်ကော်ဆေးရုံကြီးမှ (၉) ယောက်မြောက် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ဒီးမော့ဆိုဆေးရုံရှိ အတည်ပြုလူနာ (၁)ယောက်သာကျန်ရှိ

လွိုင်ကော်ဆေးရုံကြီးမှ (၉) ယောက်မြောက် Covid-19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ဒီးမော့ဆိုဆေးရုံရှိ အတည်ပြုလူနာ (၁)ယောက်သာကျန်ရှိ
နိုဝင်ဘာ 12, 2020
By Tachileik News Agency
လွိုင်ကော်ဆေးရုံကြီးမှ (၉) ယောက်မြောက်  Covid-19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ဒီးမော့ဆိုဆေးရုံရှိ အတည်ပြုလူနာ (၁)ယောက်သာကျန်ရှိ
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် (၉) ဦးမြောက် Covid-19 အတည်ပြုလူနာမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကယားပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ်ဆေးရုံတွင် ကုသမှုခံယူနေသူတစ်ဦးသာကျန်ရှိကြောင်း သိရသည်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် တစ်ဦးတည်းကျန်ရှိသည့် Covid-19 အတည်ပြုလူနာ  အမျိုးသားအား ပြန်လည်ဓာတ်ခွဲစစ်ဆေးမှုအတွင်း COVID 19 ပိုးမတွေ့ရတော့သဖြင့် နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ပြီး ၎င်း၏နေအိမ်တွင် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်သည်။ 
ကယားပြည်နယ်တွင် Covid-19  ပိုးတွေ့သူအတည်ပြုလူနာ (၁၀) ဦးရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့်  (၉)ဦးမှာပိုးကင်စင်၍ ဆေးရုံဆေးခွင့်ရရှိပြီဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်  နိုဝင်ဘာလ (၁၁) ရက်နေ့တွင် အသစ်တွေ့ရှိခဲ့သောအတည်ပြုလူနာ တစ်ဦးသာကျန်ရှိတော့သည်။ 
ဆက်သွယ်ရေးလုပ်ငန်းဖြင့် မကွေးမြို့မှ လာရောက်၍ အထက ဒီးမော့ဆိုတွင်အသွားလာ ကန့်သက်ထားသူအမျိုးသားမှာ  နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ စစ်ဆေးအဖြေထုတ်ပြန်ချက်အရ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမှာကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~