ကျောက်မဲမြို့ရှိ Quarantine စင်တာတွင် ဆူပူ၊ မူးယစ်၊ ရမ်းကားခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူမည်

ကျောက်မဲမြို့ရှိ Quarantine စင်တာတွင် ဆူပူ၊ မူးယစ်၊ ရမ်းကားခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူမည်
စက်တင်ဘာ 22, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ Quarantine စင်တာတွင် ဆူပူ၊ မူးယစ်၊ ရမ်းကားခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူမည်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများ စည်းကမ်း ဖေါက်ဖျက်ခြင်းနှင့် Quarantine ထားရှိသည့်နေရာတွင် ဆူပူ၊ မူးယစ်၊ ရမ်းကားခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း မြို့နယ် COVID 19 ကော်မတီ တာဝန်ရှိသူထံက သိရသည်။
"Quarantine ထားရှိတဲ့နေရာကနေ အပြင်ကိုခိုးထွက်ပြီး အရက်သေစာ သောက်စားနေကြတာတွေရှိသလို လုံခြုံရေးတာဝန်ကျတဲ့ ရဲဝန်ထမ်းတွေကိုလည်း ဆူပူ ဆဲဆိုတာတွေ၊ ကိုယ်ထိလက်ရောက် စော်ကားတာတွေရှိနေတာ တွေ့ရပါတယ်။ ဒီကရှေ့လျှောက် အဲဒီလို စည်းကမ်းဖေါက်ဖျက်သူတွေရှိလာရင် ထိထိရောက်ရောက်အရေးယူဖို့ သက်ဆိုင်တဲ့ အဖွဲ့တွေရဲ့ သဘောတူညီမှုနဲ့ ဆုံးဖြတ်ထားပါပြီ" ဟု ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၌ ပြောသည်။
ကျောက်မဲမြို့တွင် quarantine ဝင်ရန် သတ်မှတ်ထားသည့် စည်းကမ်းဖေါက်ဖျက်ပြီး မြို့အတွင်း ဝင်ရောက်လာသူ ကုန်တင်ယာဉ်မောင်းတစ်ဦးအား Quarantine Center တွင် ပို့ဆောင်ထားစဉ် အပြင်ခိုးထွက်၍ အရက်သေစာ သောက်စားခြင်း၊ လုံခြုံရေးတာဝန်ကျရဲဝန်ထမ်းအား ဆဲဆို၍ လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် အလားတူဖြစ်ရပ်များကို အရေးယူနိုင်ရေးအတွက် မြို့နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လဝက၊ ဥပဒေ ရေးရာ၊ ယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီ နှင့် ပရဟိတ အသင်းအဖွဲ့ အချို့ပါဝင်၍ စက်တင်ဘာလ (၂၂) ရက်နေ့၌ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Quarantine စင်တာများ၌ နေထိုင်သူများ စည်းကမ်းဖေါက်ဖျက်ပါက ပထမအကြိမ်တွင် ရဲတပ်ဖွဲ့တွင် (၂၄) နာရီ ချုပ်နှောင်မည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက တရားရုံးသို့ တင်ပို့၍ တရားစွဲဆိုအရေးယူရန် အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ  - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~