နမ့်စန်မြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုတွင် ဌာနဆိုင်ရာများ အပါအဝင် ပူးပေါင်းသူများလာ

နမ့်စန်မြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှု

ဖေဖော်ဝါရီ 11, 2021 | နိုင်ငံရေး| ရှမ်းတောင်
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဆက်လက် လုပ်ဆောင်နေပြီး ယခင်နေ့များထက် လူဦးရေပိုများလာသည်ကို တွေ့ရသည်။

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထု၏ ဆန္ဒထုတ်ဖေါ်မှုတွင် ပြည်သူလူထုနှင့်အတူ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ဝန်ထမ်းနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း ပါဝင်လာကြသည်။ 

ဆန္ဒထုတ်ဖော်သူများက သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် စစ်တပ်က ဖမ်းဆီးထားသည့် ခေါင်းဆောင်များ ချက်ချင်းလွှတ်ပေးရေး၊ စစ်အာဏာရှင်အား အလိုမရှိ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များအား လွှတ်တော်အတည်ပြုပေးရေးတို့ကို တောင်းဆိုကြသည်။

Photo: KOHmooe