တာချီလိတ် နှင့် သိန္နီမြို့တို့မှ အမျိုးသား(၃)ဦးထံက စိတ်ကြွရူးသွပ်ဆေးပြားများအား လွိုင်လင်တွင် ဖမ်းဆီးရမိ

တာချီလိတ် နှင့် သိန္နီမြို့တို့မှ အမျိုးသား(၃)ဦးထံက စိတ်ကြွရူးသွပ်ဆေးပြားများအား လွိုင်လင်တွင် ဖမ်းဆီးရမိ
ဒီဇငျဘာ 9, 2018
By Tachileik News Agency



လောက်ပေါင်၊ ကျင်းဖိန်နှင့် ဆမ်ကျင်းတို့ကို မိုင်းပန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

စိတ်ကြွရူးသွပ် ဆေးပြား (၃ဝ,ဝဝဝ)ကို သယ်ဆောင်လာသည့် သိန္နီမြို့နယ်နှင့် တာချီလိတ်မြို့တို့မှ အမျိုးသား (၃)ဦးကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် တာဆန်းတံတား ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင် (တာဆန်းလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များက တာဆန်းတံတားပူးပေါင်းစစ်ဆေးရေးစခန်းတွင် ယာဉ်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၈ ) ရက်နေ့ ညနေ(၆)နာရီခွဲအချိန်၌ မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ သိန္နီမြို့နယ်၊ နားကုန်းကျေးရွာမှ အသက် (၃၃)နှစ်အရွယ် လောက်ပေါင်မောင်းနှင်ပြီး အဆိုပါကျေးရွာနေ အသက်(၃၈)နှစ်အရွယ် ကျင်းဖိန်နှင့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)နေ အသက် (၄၃)နှစ်အရွယ် ဆမ်ကျင်းတို့ လိုက်ပါလာသည့် MARK II အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လောက်ပေါင်၊ ကျင်းဖိန်နှင့် ဆမ်ကျင်းတို့ကို မိုင်းပန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒဖြေင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မူးယစ်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~