ပင်လည်ဘူးကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ်မှ တပ်ကြပ်တစ်ဦးနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများကို KIA နှင့်ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိ

ပင်လည်ဘူးကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ်မှ တပ်ကြပ်တစ်ဦးနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများကို KIA နှင့်ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိ
By Tachileik News Agency

စစ်ကိုင်းတိုင်း ၊ ပင်လည်ဘူးဘက်သို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦိးနှင့် လက်နက်ခဲယမ်းများ၊ ရိက္ခာများကို KIA နှင့်ပူးပေါင်းအဖွဲ့က ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် ဖမ်းမိ၊ သိမ်းဆည်းရမိကြောင်း   သိရသည်။ 

အာဏာသိမ်း စစ်ကောင်စီတပ် စ.က.ခ(၁၀)လက်အောက်ခံ ခ.လ.ရ(၃၆၆) တပ်ရင်းတပ်ဖွဲ့များကို ကချင်လွတ်မြောက်ရေးတပ်မတော် - KIA၊ တပ်မဟာ ၅ ၊ အမှတ် ၃ တပ်ရင်းတပ်ဖွဲ့များနှင့် ပင်လည်ဘူးပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် ရဲမင်းပိုင်ကို ဖမ်းဆီးရမိသည့်အပြင် ၆၀ မမ တစ်လက်၊၊ ၄၀ မမ နှစ်လက်၊ အဝေးပစ် မော်တာကျည်ဆံအများအပြား၊  သေနတ် ၃၀ လက်၊ ကျည်ဆံအတောင့်(၅၀၀၀၀)အပြင် ရိက္ခာများကိုပါ သိမ်းဆည်းရရှိကြောင်း သိရသည်။