စစ်ကောင်စီ ခလရ(၁၄၃) တပ်ရင်းတစ်ရင်းလုံး လက်နက်ချ အလင်းဝင် 

ရှမ်းပြည်နယ်မြောက်ပိုင်း ကံမိုင်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ ခလရ (၁၄၃)မှ အင်အား(၄၁)ဦးသည် ညီ‌နောင်မဟာမိတ်(၃)ဖွဲ့ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ကြောင်း သိရသည်။

နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ခလရ (၁၄၃)၏ တပ်ဖွဲ့ဝင်များက လက်နက်ချပြီး အလင်းဝင်လာခဲ့ရာ (၄၁)ဦးအနက် ဒုတပ်ရင်းမှူး (၁)ဦးနှင့် တပ်ခွဲမှူး (၂)ဦး ပါဝင်သည်ဟု သိရသည်။

ထို့နောက် MNDAAမှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁)ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းအတွင်းမှ သိမ်းဆည်းရရှိခဲ့သော ပစ္စည်းများမှာ ဆက်သွယ်ရေးစက် (၃)ခု၊ ရိုင်ဖယ်သေနတ် (၂၇)လက်၊ စက်လက်အငယ် (၅)လက်၊ RPG (၂)လက်၊ Sniper (၁)လက်၊  စက်လက်အကြီး (၂)လက်၊ Type -82 စိန်ပြောင်း (၁)လက်၊ ၆၀မမ စိန်ပြောင်း (၂)လက်၊ ၅.၅၆ ကျည် (၁၁)ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃)ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀)ခု၊ MA-4 ဗုံးသီး(၈၀)လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇)လုံး၊ ၈၂ မမ ဗုံးသီး (၉၁)လုံး၊ ၁၀၀ မမ ဗုံးသီး (၄၆)လုံး၊ MA-4 (၄)လက်၊ လက်ကိုင်ဖုန်း (၂၈)လုံး၊ စကားပြောစက် (၇)ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂)ဖာ၊ ကုလားပဲ (၃)ပုံး၊ ဆေး (၅)ဖာ၊ စားသုံးဆီ (၃)ပုံး၊ လောင်စာဆီ (၃)ပုံးနှင့် ဝက် (၁)ကောင်တို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : The Kokang