ပေါက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး မြိုင်ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ် ပူးပေါင်း ပျူစောထီးများကို ‌ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်များက အနီးကပ်ပစ်ခတ်ခဲ့ကြောင်း မြိုင်မြို့ နယ် ပကဖထံမှ သိရသည်။

ပေါက်မြို့နယ် အုန်းတောကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ ညနေပိုင်းတွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား(၄၀)ကျော်ကို ပေါက်ဗိုလ်တစေအဖွဲ့၊ ပေါက်ကာကွယ်ရေးအဖွဲ့နှင့် မြိုင်ပကဖ ရင်း(၃) ခွဲ(၁) စု (၂)တို့ ပူးပေါင်း၍ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်‌သေဆုံးသူရှိသည်ဟု သိရသည်။

ထို့အပြင် မြိုင် ပကဖနှင့် မဟာမိတ်အဖွဲ့များသည် ယင်းနေ့ ညနေပိုင်းတွင်ပင် မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီးစခန်းအား အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Video :မြိုင်-ပကဖ