မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၂၀၂၃ခုနှစ် ဇွန်လ(၂၄)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိကာ စစ်ကူများ ရောက်လာခြင်းကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

အထိနာသော စစ်ကောင်စီတပ်သည် ကားကြီးကွင်းအနောက်ဖက် အုတ်စပ်တောင်ဘက်ရှိ ဒေသခံများ၏ တဲနှစ်လုံးနှင့် ကွမ်းခြံကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Monywa The Boysက ယနေ့ဇွန်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင်တပ်ရင်း(၅)၊ (၇)၊ (၁၂)၊ (၂၂)၊ (၂၅)၊ (၂၈)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)၊ ဓားမဆိုင်းတပ်မတော်၊ မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Monywa The Boys