ကွီလုံတိုင်စခန်း ရိက္ခာလာပို့သည့် စစ်ကောင်စီတပ် အထိနာကာ ထိုင်းနိုင်ငံဘက် ထွက်ပြေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင်စခန်းသို့ ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဒုစစ်ကြောင်းမှူးအပအဝင် (၃)ဦးသေဆုံးကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ(၃)ရက်နေ့က အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) စစ်ကြောင်း(၁)တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား စနိုက်ပါဖြင့်စတင်တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးပြီးနောက် တစ်နေကုန်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ (၃)ဦး သေဆုံးပြီး မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ (၅)ဦး ဗုံးစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : Ministry of Defence - National Unity Government of Myanmar