ကျေးရွာများကို မီးပတ်ရှို့နေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်သားများက Drone ဖြင့် ကြဲသည့် ဗုံးသီး ကို ကြောက်လို့ ထွက်ပြေး

 တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း  ကျေးရွာများမှာ မီးပတ်ရှို့နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်သားများကို ပုလော PDF က Drone နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီတပ်သားတွေအားလုံး ကြောက်လန့်တကြား ထွက်ပြေးနေကြရတာကို ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။



အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကား (၁၀)စီးနဲ့ ပလမြို့ကနေ ပု‌လောမြို့ဘက်ကို  မောင်းနှင်လာပြီး တိုကျေးရွာနဲ့ တန်းရှင်းကျေးရွာ အပါအဝင် သင်္ကန်းတောကျေးရွာတို့ကို ဝင်ရောက်ပြီး မီးရှို့ရာမှာ နေအိမ် စုစုပေါင်း (၃၂)လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

အဲ့ဒီလို လှည့်လည်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းများရှိရာနေရာကို  ပုလော PDF က Drone နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အခါမှာ ကြောက်လန့်တကြား ထွက်ပြေးနေကြတာကို တွေ့ရခြင်းပဲ ဖြစ်ပါတယ်။

အဲ့ဒီအပြင် ပုလောမြို့နယ်အတွင်းမှာရှိတယ် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့လည်း ရှိတယ်လို့ သိရပါတယ်။