ကယားပြည်နယ်တွင်းသို့ သွားရောက်မည့်သူများ အားလုံး ခရီးသွားထောက်ခံချက် လိုအပ်

ကယားပြည်နယ်တွင်းသို့ သွားရောက်မည့်သူများ အားလုံး ခရီးသွားထောက်ခံချက် လိုအပ်
စက်တင်ဘာ 2, 2020
By Tachileik News Agency
ကယားပြည်နယ်တွင်းသို့ သွားရောက်မည့်သူများ  အားလုံး ခရီးသွားထောက်ခံချက် လိုအပ်
ကယားပြည်နယ်သို့ လာရောက်သူများနှင့် ပြည်နယ်ပြင်ပ သွားမည့်သူများအားလုံး ခရီးသွားထောက်ခံချက်များ စိစစ်ပြီးမှ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။
ကယားပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေး အတွက် ပြည်နယ်၏ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားထောက်ခံချက်များ စစ်ဆေးခြင်းကို လုပ်ဆောင်နေသဖြင့် ပြည်နယ်တွင်း လာရောက်သူများ၊ ပြည်နယ်ပြင်ပသွားသူများအနေဖြင့် ခရီးသွားထောက်ခံချက်များ လိုအပ်မည်ဖြစ်သည်။
ကယားပြည်နယ်တွင်း ပြည်ပနိုင်ငံမှ လာရောက်သူများ၊ ရခိုင်ပြည်နယ်မှ လာရောက်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home ကြေညာထားသည့် (၇)မြို့နယ်တို့မှ လာရောက်သူများအနေဖြင့် Facililty Quarantine (၇)ရက် နေထိုင်ကြရမည်ဖြစ်သည်။
ကယားပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်ရှိအချိန်ထိ COVID 19 အတည်ပြုလူနာမရှိသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~