ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း႐ွိ ေက်းရြာ(၁၆)ရြာမွ ေက်ာင္းသြားလာရာတြင္ ေ၀းလံၿပီးအခက္အခဲျဖစ္သည့္ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ စက္ဘီး အစီး(၅၄၀)ကို Lesswalk မွ လွူဒါန္း

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း႐ွိ ေက်းရြာ(၁၆)ရြာမွ ေက်ာင္းသြားလာရာတြင္ ေ၀းလံၿပီးအခက္အခဲျဖစ္သည့္ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ စက္ဘီး အစီး(၅၄၀)ကို Lesswalk မွ လွူဒါန္း
စက်တင်ဘာ 22, 2019
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း႐ွိ ေက်းရြာ(၁၆)ရြာမွ ေက်ာင္းသြားလာရာတြင္ ေဝးလံ၍ အခက္ခဲျဖစ္ေနေသာ အလယ္တန္းႏွင့္ အထက္တန္း ေက်ာင္းသူ ေက်ာင္းသား (၅၄၀) အား Lesswalk အဖြဲ႔မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၂၂)ရက္ေန႔တြင္ စက္ဘီးမ်ား လွဴဒါန္းေပးသည္။

စက္ဘီးလွဴဒါန္းႏုိင္ရန္အတြက္ World Vision ၏ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း႐ွိ ေဒသဖြံ႔ၿဖိဳးေရးစီမံကိန္းမွ ဦးတည္ ေက်းရြာ/ရပ္ကြက္ (၃၁)ခုထဲမွ ေက်ာင္းသြားလာရာတြင္ အမွန္တကယ္ အခက္ခဲျဖစ္ေနေသာ ေက်းရြာ (၁၃)ရြာ႐ွိ အလယ္တန္းႏွင့္ အထက္တန္း ေက်ာင္းသူေက်ာင္းသားမ်ားကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔အဖြဲ႔က ႏိုင္ငံျခားကေန စက္ဘီးေတြ တင္သြင္းၿပီးေတာ့ အိမ္နဲ႔ေက်ာင္းနဲ႔ တစ္ေန႔ကိုႏွစ္နာရီနဲ႔ အထက္ လမ္းေလွ်ာက္ရတဲ့ ကေလးေတြ၊ အိမ္မွာ ကားေတြ ဆိုင္ကယ္ေတြ မ႐ွိတဲ့ကေလးေတြကို ဦးစားေပးၿပီးေတာ့ စက္ဘီးေတြ လွဴဒါန္းေနပါတယ္။ ကြ်န္ေတာ္တို႔က စက္ဘီးအစီးေရ တစ္ေသာင္း တင္သြင္းထားပါတယ္။ အမွန္ေျပာရရင္ လိုအပ္တဲ့ ေက်ာင္းသားေတြက အမ်ားႀကီး႐ွိပါတယ္။ တိုင္းနဲ႔ျပည္နယ္ အကုန္လုံးကိုမွ်ေဝခ်င္တယ္။ တစ္ေနရာထဲ မဟုတ္ဘဲေပါ့။ ကယားျပည္နယ္မွာ ကြၽန္ေတာ္တို႔ World Vision နဲ႔ပူးေပါင္းၿပီး စာရင္းေကာက္ လိုက္တဲ့ခ်ိန္မွာ ပထမအသုတ္အေနနဲ႔  အစီးေရ(၅၄၀)ကို ဒီးေမာ့ဆိုၿမိဳ႕မွာ လာလွဴတာျဖစ္ပါတယ္ "ဟု Lesswalk တည္ေထာင္သူ ကိုသန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

Lesswalk မွ လွဴဒါန္းမည့္ စက္ဘီးမ်ားအား ရန္ကုန္မွ ဒီးေမာ့ဆိုၿမိဳ႕ထိ သယ္ယူစရိတ္မ်ား အပါအဝင္ အခက္အခဲျဖစ္ေနေသာ ကေလးမ်ား စာရင္းေကာက္ခံျခင္းအား World Vision ျမန္မာက ပူးေပါင္းလုပ္ေဆာင္ေပးခဲ့ျခင္းျဖစ္ၿပီး ကယားျပည္နယ္အတြင္း လိြဳင္ေကာ္ၿမိဳ႕နယ္၌ စက္ဘီး (၆၀)စီးႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ (၅၄၀) စီး လွဴဒါန္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္ မိဘတစ္ေယာက္အေနနဲ႔ေတာ့ မ်က္ရည္ေတာင္က်မိတယ္။ ဝမ္းသာတာေပါ့။ မဝယ္ေပးႏိုင္ဘူးေလ။ တစ္ေန႔တစ္ေန႔ လမ္းေလွ်ာက္ပဲ သြားေနရတာ ကေလးက ေတာ္ေတာ္ပင္ပန္းပါတယ္။ အခုလို စက္ဘီး လာၿပီး အလကားေပးတာ ေျပာေတာင္မျပတတ္ဘူးေပါ့။ ေစတနာပါမွန္း သိသာတယ္။ စက္ဘီးေတြက အေကာင္းစားအသစ္ေတြေလ အရမ္းဝမ္းသာပါတယ္"ဟု ေက်ာင္းသားမိဘတစ္ဦးျဖစ္သည့္ ဦးစဲရယ္ကေျပာသည္။

အိမ္နီးခ်င္းႏိုင္ငံမ်ား႐ွိ ပိတ္သိမ္းသြားသည့္ စက္ဘီးစက္႐ုံမ်ားမွ  ပိုလွ်ံ စက္ဘီးသစ္မ်ားကို လိုက္လံဝယ္ယူကာ ျမန္မာႏိုင္ငံအႏွံ႔ျပား႐ွိ သြားလာရခက္ခဲေသာ ေက်ာင္းမ်ား႐ွိ ေက်ာင္းသူေက်ာင္းသားမ်ား၏အခက္အခဲတစ္စိတ္တစ္ပိုင္းအား ေျဖ႐ွင္းေပးႏိုင္ရန္ စက္ဘီးမ်ား လွဴဒါန္းမည့္ (Lesswalk )လမ္းေလွ်ာ့ေလွ်ာက္ဆိုသည့္ အစီအစဥ္ အား လူငယ္စီးပြားေရး လုပ္ငန္း႐ွင္ ကိုသန္းဝင္းထြန္းမွဦးေဆာင္၍  ၂၀၁၉ ခုႏွစ္အတြင္း စတင္ခဲ့ျခင္းျဖစ္သည္။

"ကြၽန္ေတာ္တို႔အဖြဲ႔က ပညာေရးကို အေလးထားတယ္။ ကြၽန္ေတာ္တို႔ ယံုၾကည္တာက ေပးလိုက္တဲ့စက္ဘီးေတြေၾကာင့္ အခ်ိန္ေနာက္က်မႈနည္းသြားမယ္ ။ ေက်ာင္းလည္း ပိုတက္ျဖစ္မယ္။ အခ်ိန္ပိုရလာမယ္။ စာႀကိဳးစားၿပီး စာေတာ္လာမယ္။ အဲဒီကေန ဘဝေလးေတြ ေျပာင္းလဲလာမယ္ဆိုၿပီး ပညာေရးကိုပဲ အေလးထားၿပီး ဒီအစီအစဥ္ကို ကြၽန္ေတာ္တို႔ႀကိဳးစားေနပါတယ္ " ဟု ကိုသန္းဝင္းထြန္းက ေျပာသည္။

Lesswalk မွ လွဴဒါန္းေပးသည့္ စက္ဘီးမ်ားမွာ ေဆာလစ္တာယာအမ်ိဳးအစား ျဖစ္ေသာေၾကာင့္ ေလထိုးေပါက္ မပါ၊ ဘီးမေပါက္ဘဲ သုံးႏွစ္မွ ငါးႏွစ္ထိ သုံးႏိုင္မည္ျဖစ္ၿပီး ပ်က္ဆီးသြားပါက ပုံမွန္စက္ဘီးတာယာမ်ားျဖင့္ အစားထိုးလဲလွယ္အသံုးျပဳနုိင္သည့္အျပင္ ဆိုလာစနစ္ျဖင့္ မီးမ်ားပါ ပါ႐ွိေသာ စက္ဘီးအသစ္မ်ား ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၆)ရွာမှ ကျောင်းသွားလာရာတွင် ဝေးလံ၍ အခက်ခဲဖြစ်နေသော အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသား (၅၄၀) အား Lesswalk အဖွဲ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် စက်ဘီးများ လှူဒါန်းပေးသည်။

စက်ဘီးလှူဒါန်းနိုင်ရန်အတွက် World Vision၏ ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒေသဖွံ့ဖြိုးရေးစီမံကိန်းမှ ဦးတည် ကျေးရွာ/ရပ်ကွက် (၃၁)ခုထဲမှ ကျောင်းသွားလာရာတွင် အမှန်တကယ် အခက်ခဲဖြစ်နေသော ကျေးရွာ (၁၃)ရွာရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူကျောင်းသားများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အဖွဲ့က နိုင်ငံခြားကနေ စက်ဘီးတွေ တင်သွင်းပြီးတော့ အိမ်နဲ့ကျောင်းနဲ့ တစ်နေ့ကိုနှစ်နာရီနဲ့ အထက် လမ်းလျှောက်ရတဲ့ ကလေးတွေ၊ အိမ်မှာ ကားတွေ ဆိုင်ကယ်တွေ မရှိတဲ့ကလေးတွေကို ဦးစားပေးပြီးတော့ စက်ဘီးတွေ လှူဒါန်းနေပါတယ်။ ကျွန်တော်တို့က စက်ဘီးအစီးရေ တစ်သောင်း တင်သွင်းထားပါတယ်။ အမှန်ပြောရရင် လိုအပ်တဲ့ ကျောင်းသားတွေက အများကြီးရှိပါတယ်။ တိုင်းနဲ့ပြည်နယ် အကုန်လုံးကိုမျှဝေချင်တယ်။ တစ်နေရာထဲ မဟုတ်ဘဲပေါ့။ ကယားပြည်နယ်မှာ ကျွန်တော်တို့ World Vision နဲ့ပူးပေါင်းပြီး စာရင်းကောက် လိုက်တဲ့ချိန်မှာ ပထမအသုတ်အနေနဲ့ အစီးရေ(၅၄၀)ကို ဒီးမော့ဆိုမြို့မှာ လာလှူတာဖြစ်ပါတယ် "ဟု Lesswalk တည်ထောင်သူ ကိုသန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Lesswalk မှ လှူဒါန်းမည့် စက်ဘီးများအား ရန်ကုန်မှ ဒီးမော့ဆိုမြို့ထိ သယ်ယူစရိတ်များ အပါအဝင် အခက်အခဲဖြစ်နေသော ကလေးများ စာရင်းကောက်ခံခြင်းအား World Vision မြန်မာက ပူးပေါင်းလုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်၌ စက်ဘီး (၆၀)စီးနှင့် ဒီးမော့ဆိုမြို့နယ်တွင် (၅၄၀) စီး လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော် မိဘတစ်ယောက်အနေနဲ့တော့ မျက်ရည်တောင်ကျမိတယ်။ ဝမ်းသာတာပေါ့။ မဝယ်ပေးနိုင်ဘူးလေ။ တစ်နေ့တစ်နေ့ လမ်းလျှောက်ပဲ သွားနေရတာ ကလေးက တော်တော်ပင်ပန်းပါတယ်။ အခုလို စက်ဘီး လာပြီး အလကားပေးတာ ပြောတောင်မပြတတ်ဘူးပေါ့။ စေတနာပါမှန်း သိသာတယ်။ စက်ဘီးတွေက အကောင်းစားအသစ်တွေလေ အရမ်းဝမ်းသာပါတယ်"ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးစဲရယ်ကပြောသည်။

အိမ်နီးချင်းနိုင်ငံများရှိ ပိတ်သိမ်းသွားသည့် စက်ဘီးစက်ရုံများမှ ပိုလျှံ စက်ဘီးသစ်များကို လိုက်လံဝယ်ယူကာ မြန်မာနိုင်ငံအနှံ့ပြားရှိ သွားလာရခက်ခဲသော ကျောင်းများရှိ ကျောင်းသူကျောင်းသားများ၏အခက်အခဲတစ်စိတ်တစ်ပိုင်းအား ဖြေရှင်းပေးနိုင်ရန် စက်ဘီးများ လှူဒါန်းမည့် (Lesswalk )လမ်းလျှော့လျှောက်ဆိုသည့် အစီအစဉ် အား လူငယ်စီးပွားရေး လုပ်ငန်းရှင် ကိုသန်းဝင်းထွန်းမှဦးဆောင်၍ ၂၀၁၉ ခုနှစ်အတွင်း စတင်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အဖွဲ့က ပညာရေးကို အလေးထားတယ်။ ကျွန်တော်တို့ ယုံကြည်တာက ပေးလိုက်တဲ့စက်ဘီးတွေကြောင့် အချိန်နောက်ကျမှုနည်းသွားမယ်။ ကျောင်းလည်း ပိုတက်ဖြစ်မယ်။ အချိန်ပိုရလာမယ်။ စာကြိုးစားပြီး စာတော်လာမယ်။ အဲဒီကနေ ဘဝလေးတွေ ပြောင်းလဲလာမယ်ဆိုပြီး ပညာရေးကိုပဲ အလေးထားပြီး ဒီအစီအစဉ်ကို ကျွန်တော်တို့ကြိုးစားနေပါတယ် " ဟု ကိုသန်းဝင်းထွန်းက ပြောသည်။

Lesswalk မှ လှူဒါန်းပေးသည့် စက်ဘီးများမှာ ဆောလစ်တာယာအမျိုးအစား ဖြစ်သောကြောင့် လေထိုးပေါက် မပါ၊ ဘီးမပေါက်ဘဲ သုံးနှစ်မှ ငါးနှစ်ထိ သုံးနိုင်မည်ဖြစ်ပြီး ပျက်ဆီးသွားပါက ပုံမှန်စက်ဘီးတာယာများဖြင့် အစားထိုးလဲလှယ်အသုံးပြုနိုင်သည့်အပြင် ဆိုလာစနစ်ဖြင့် မီးများပါ ပါရှိသော စက်ဘီးအသစ်များ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net