(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်
ဇန်နဝါရီ 13, 2020
By Tachileik News Agency

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရာက်မည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲတော်အခမ်းအနားအား တက်ရောက်ရန် ဇန်နဝါရီ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လွိုင်ကော်မြို့သို့ လေကြောင်းဖြင့် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

"ဟုတ်ပါတယ်။ ပြည်နယ်နေ့အခမ်းနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လာတက်ရောက် ပေးသွားမှာပါ "ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ်နေ့ လူထုအခမ်းအနားတွင် တက်ရောက် အမှာစကားပြောကြားသွားမည်ဖြစ်ပြီး ကယားပြည်နယ်ခန်းမတွင်လည်း လူထုတွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ကယားပြည်နယ်နေ့ပွဲတော်သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာခြင်းဖြစ်သည်။

ကယားပြည်နယ်နေ့ပွဲတော်ကို လွိုင်ကော်မြို့တွင် ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~