မူဆယ်သို့သွားသည့် ခရီးသည်တင်ယာဉ်တစ်စီး နမ့်ဖတ်ကာအနီးတွင် တိမ်းမှောက်၍ (၁)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရ

မူဆယ်သို့သွားသည့် ခရီးသည်တင်ယာဉ်တစ်စီး နမ့်ဖတ်ကာအနီးတွင် တိမ်းမှောက်၍ (၁)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရ
ဇှနျ 9, 2019
By Tachileik News Agency


နမ့်ဖတ်ကာကျေးရွာအထွက် ပန်ဂျလော့ကုန်းဆင်းအနီးတွင် မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ပေါက်ရွှေပြည်ခရီးသည်တင်မှန်လုံယာဉ်သည် မိုးအနည်းငယ်ရွာနေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။


ဒဏ်ရာရသူများနှင့် သေဆုံးသူကို မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)က နမ့်ဆက်ကာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထွက် မူဆယ် - မန္တလေး ပြည်ထောင်စုလမ်းတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်က ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်၍ (၁)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရသွားကြောင်း နှင့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

နမ့်ဖတ်ကာကျေးရွာအထွက် ပန်ဂျလော့ကုန်းဆင်းအနီးတွင် မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ပေါက်ရွှပြေည်ခရီးသည်တင်မှန်လုံယာဉ်သည် မိုးအနည်းငယ်ရွာနေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်လိုက်ပါလာသူ (၁၁)ဦးအနက် အမျိုးသား (၈)ဦး ဒဏ်ရာအသီးသီးရသွားကာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး အသက် (၃၅)နှစ်အရွယ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ဒဏ်ရာရသူများနှင့် သေဆုံးသူကို မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)က နမ့်ဆက်ကာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောငး် သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မေတ္တာရှင် လူမှုကူညီရေးအသင်း ( နမ့်ဖတ်ကာ )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net