စစ်ကောင်စီ တပ်ကြပ်တစ်ဦး စစ်မတိုက်လိုသောကြောင့် TNLAထံ လာရောက်လက်နက်ချ

စစ်ကောင်စီ တပ်ကြပ်တစ်ဦး စစ်မတိုက်လိုသောကြောင့် TNLAထံ လာရောက်လက်နက်ချ
ဒီဇင်ဘာ 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဗျူဟာမှ စစ်ကောင်စီတပ်ကြပ်တစ်ဦး ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင်  စစ်မတိုက်လိုသောကြောင့် TNLAထံ လာရောက် လက်နက်ချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ကွတ်ခိုင်ဗျူဟာ၊ လက်အောက်ခံ ခလရ(၄၅)တပ်မှ တပ်ကြပ်ကိုနိုင်သည် တပ်ရင်းကိုစွန့်ခွာပြီး စစ်မတိုက်လိုသောကြောင့် TNLA တပ်မဟာ(၅)ထံ လက်နက်တစ်လက်၊ RPG-7 တစ်လက်နှင့် ခဲယမ်းများ အပြည့်အစုံဖြင့် လာရောက်လက်နက်ချခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၇)ရက်နေ့တွင်လည်း တပ်မဟာ(၄) စစ်ဒေသ၊ နမ္မတူမြို့နယ် စစ်ကောင်စီ မန်စံကျေးရွာတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News