ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ယခင်နှစ်ထက် အနည်းငယ် မြင့်တက်လာသော်လည်း ဂုဏ်ထူးရသူ လျော့နည်းသွား

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ယခင်နှစ်ထက် အနည်းငယ် မြင့်တက်လာသော်လည်း ဂုဏ်ထူးရသူ လျော့နည်းသွား
ဇှနျ 8, 2019
By Tachileik News Agency



၂၀၁၉ခုနှစ်အတွက် ဘာသာအလိုက် ဂုဏ်ထူးအများဆုံးထွက်ပေါ်သည့် မြို့များအနေဖြင့် ကျိုင်းတုံမြို့မှ (၇၉)ဦး၊ တာချီလိတ်မြို့မှ (၁၁)ဦး၊ မိုင်းယောင်းမြို့မှ (၅)ဦး၊ မိုင်းဆတ်မြို့မှ (၃)ဦး၊ မိုင်းဖြတ်မြို့မှ (၃)ဦး နှင့် မိုင်းတုံမြို့မှ (၁)ဦး စုစုပေါင်း (၁၀၂)ဦးဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြိုကတွင်း တာချီလိတ်မြို့နယ်အတွင်း အစိုးရအထက်တန်းကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပါဝင်သည့် ကျောင်းပေါင်း(၁၀)ကျောင်းနှင့် အပြင်ဖြေတို့မှ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စုစုပေါင်း  (၁,၀၇၁)ဦး ၀င်ရောက်ဖြေဆိုခဲ့ကြသည့်အနက် စုစုပေါင်း(၁၇၇)ဦး အောင်မြင်ခဲ့ကြရာတွင် (၄)ဘာသာဂုဏ်ထူးရှင် တစ်ဦး အပါအ၀င် ဂုဏ်ထူးရှင်(၁၁)ဦး ပေါ်ထွက်ခဲ့ပြီး တာချီလိတ်မြို့နယ်အနေဖြင့်  အောင်ချက်ရာခိုင်နှုန်း (၁၆.၅၄)ရှိကြောင်း နှင့်  ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ (၁၁)ဦး ထွက်ပေါ်ခဲ့ရာ (၄)ဘာသာ ဂုဏ်ထူးရ (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရ (၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရ (၈)ဦး ရှိခဲ့ရာ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၄)ဘာသာဂုဏ်ထူး အပါအ၀င် ဂုဏ်ထူးရကျောင်းသား ကျောင်းသူ (၇)ဦး ပါဝင်ကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းအရသိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခဲ့သူ (၅,ဝဝ၈)ဦးရှိခဲ့အနက် အောင်မြင်သူ (၁,ဝ၄၁)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း (၂၀.၇၉)ရှိပြီး ဘာသာအလိုက်ဂုဏ်ထူးရရှိသူ (၁၀၂)ဦးရှိရာ ၂၀၁၈ ခုနှစ်ကထက် အောင်ချက်ရာခိုင်နှုန်း အနည်းငယ်မြင့်လာသော်လည်း ဘာသာအလိုက် ဂုဏ်ထူးရရှိသူ နည်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုကြသူ (၄,၈၄၁)ဦးရှိပြီး အောင်မြင်သူ (၉၃၆)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း (၁၉.၃၃)ရှိကာ ဘာသာအလိုက် ဂုဏ်ထူးရရှိသူ (၁၇၈)ဦး ရှိခဲ့ခြင်းဖြစ်သော်လည်း ယခု ၂၀၁၉ ခုနှစ်တွင် ဂုဏ်ထူးရသူ (၁၀၂)ဦးသာရှိသည်။

၂၀၁၉ခုနှစ်အတွက် ဘာသာအလိုက် ဂုဏ်ထူးအများဆုံးထွက်ပေါ်သည့် မြို့်များအနဖြေင့် ကျိုင်းတုံမြို့မှ (၇၉)ဦး၊ တာချီလိတ်မြို့မှ (၁၁)ဦး၊ မိုင်းယောင်းမြို့မှ (၅)ဦး၊ မိုင်းဆတ်မြို့မှ (၃)ဦး၊ မိုင်းဖြတ်မြို့မှ (၃)ဦး နှင့် မိုင်းတုံမြို့မှ (၁)ဦး စုစုပေါင်း (၁၀၂)ဦးဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြိုကတွင်း တာချီလိတ်မြို့နယ်အတွင်း အစိုးရအထက်တန်းကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပါဝင်သည့် ကျောင်းပေါင်း(၁၀)ကျောင်းနှင့် အပြင်ဖြေတို့မှ ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စုစုပေါင်း (၁,ဝ၇၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည့်အနက် စုစုပေါင်း(၁၇၇)ဦး အောင်မြင်ခဲ့ကြရာတွင် (၄)ဘာသာဂုဏ်ထူးရှင် တစ်ဦး အပါအဝင် ဂုဏ်ထူးရှင်(၁၁)ဦး ပေါ်ထွက်ခဲ့ပြီး တာချီလိတ်မြို့နယ်အနဖြေင့် အောင်ချက်ရာခိုင်နှုန်း (၁၆.၅၄)ရှိကြောင်း နှင့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ (၁၁)ဦး ထွက်ပေါ်ခဲ့ရာ (၄)ဘာသာ ဂုဏ်ထူးရ (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရ (၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရ (၈)ဦး ရှိခဲ့ရာ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၄)ဘာသာဂုဏ်ထူး အပါအဝင် ဂုဏ်ထူးရကျောင်းသား ကျောင်းသူ (၇)ဦး ပါဝင်ကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းအရသိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net