တာချီလိတ်မြို့တွင် လူငယ် အနည်းဆုံး (၉)ဦး ဖမ်းဆီးခံရ

တာချီလိတ်မြို့တွင် လူငယ် အနည်းဆုံး (၉)ဦး ဖမ်းဆီးခံရ
ဇွန် 13, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ(၁၂)ရက်နေ့ညပိုင်းကနေ ဇွန်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းအထိ လူငယ် အနည်းဆုံး (၉)ဦးအထိ ဖမ်းဆီးခံရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် အောင်မြတ်မင်း၊ သန်းတိုးမောင်၊ ဟိန်းဇင်မင်း၊ စည်သူဟိန်း၊ ချစ်မင်းသူ၊ လှိုင်ထွန်းလင်း၊ ရဲထက်အောင် နှင့် အသက်(၁၇)နှစ်ဝန်းကျင်သာရှိသေးသည့် အောင်အောင်နှင့် ထက်လင်းအောင်တို့ ပါဝင်ပြီး စုစုပေါင်း အနည်းဆုံး (၉)ဦးအထိရှိနေသည်။

ဖမ်းဆီးခံရသည့် (၉)ဦးတွင် ဇွန်လ(၁၂)ရက်နေ့ ညပိုင်းကနေ ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်အထိဖြစ်ပြီး တာချီလိတ်သတင်းအေဂျင်စီမှ လက်တလော စုံစမ်းချက်အရ အနည်းဆုံး (၉)ဦးရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များအနက် ရှမ်းရိုးမကုန်တိုက်၊ ကျောက်တောင်(ပုန်းထွန်) နှင့် အခြားနေရာများတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် (၉)ဦးအနက် (၁)ဦးဖြစ်သည့် သန်းတိုးမောင်သည် ဇွန်လ(၁၂)ရက်နေ့ ညပိုင်းက ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တပ်မတော်နေ့ဖြစ်သည့် မတ်လ(၂၇)ရက်နေ့က တာချီလိတ်မြို့တွင် ဆန္ဒပြ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဗုံးကွဲပြီး ထိမှန်ကာ ကျိုင်းတုံ စစ်ဆေးရုံတွင် ကုသမှုခံယူပြီးနောက် ယခုရက်ပိုင်းအတွင်းက ၎င်းအား စစ်ကြောရေးပြုလုပ်ရာမှာ  ပေါ်ပေါက်ချက်များအရ ယနေ့ နံနက်ပိုင်းတွင် လိုက်လံရှာဖွေဖမ်းဆီးခြင်းဖြစ်ပြီး မမိသေးသူများကိုလည်း ဆက်လက် စုံစမ်းနေကြောင်း အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့တစ်ဦးထံမှ သိရသည်။ 

ဖမ်းဆီးရမိသူများကို တာချီလိတ်မြို့မရဲစခန်းတွင် စစ်ကြောရေးပြုလုပ်နေလျက်ရှိကြောင်း နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် မပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရမှသာ ပြန်လွတ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။