တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၅)ဦး တိုး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၅)ဦး တိုး
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၅)ဦး တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ Covid-19 အတည်ပြု စုစုပေါင်း (၁၅)ဦးအထိ တွေ့ရှိထား၍ တာချီလိတ်မြို့တွင် အတည်ပြုလူနာ စုစုပေါင်း (၄၉)ဦး အထိရှိနေသည်။

တာချီလိတ်ဆေးရုံဟောင်းထဲက Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက လာရောက်စစ်ဆေးသူများထဲမှ (၈)ဦး နှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် စစ်ဆေးပေးနေသည်များထဲက (၆)ဦး ထပ်တိုး၍ တာချီလိတ်ဒေသတွင်းမှ တွေ့ရသူ စုစုပေါင်း (၁၄)ဦးဖြစ်သည်။

 တာချီလိတ်မြို့ မယ်ယန်း Covid-19 စစ်ဆေးစခန်းတွင် နေ့လည်ပိုင်း၌ ယာဉ်နောက်လိုက် (၁)ဦးထံက Covid-19 ပိုးတွေ့ရှိ၍ တာချီလိတ်မြို့မှ တွေ့ရှိရသည့် (၁၄)ဦး အပါဆိုလျှင် တစ်နေ့တည်း စုစုပေါင်း (၁၅)ဦးအထိ တွေ့ရှိထားရခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ (၁၅)ဦး၏ နေရပ်လိပ်စာများနှင့်ခရီးသွားမှတ်တမ်းများ၊ ထိတွေ့သူများ စသည်တို့ကို ကျန်းမာရေးက စစ်ဆေမေးမြန်းနေဆဲဖြစ်သည်။
လက်ရှိတွင် တာချီလိတ်မြို့၌ တာချီလိတ်ဒေသတွင်းမှ Covid-19 ပိုးတွေ့ရသည့် (၄၅)ဦး နှင့် အခြားဒေသမှ လာပြီး ပိုးတွေ့ရသည့် (၄)ဦး စုစုပေါင်း (၄၉)ဦး ရှိနေသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~