သီေပါၿမိဳ႕နယ္တြင္ အနာႀကီးေရာဂါတုိက္ဖ်က္ေရးႏွင့္ကာကြယ္ေရးကို ျပည္သူလူထုအေျချပဳအစီအစဥ္ျဖင့္ ေဆာင္ရြက္ေန

သီေပါၿမိဳ႕နယ္တြင္ အနာႀကီးေရာဂါတုိက္ဖ်က္ေရးႏွင့္ကာကြယ္ေရးကို ျပည္သူလူထုအေျချပဳအစီအစဥ္ျဖင့္ ေဆာင္ရြက္ေန
မေ 21, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္အတြင္း အနာႀကီးေရာဂါတိုက္ဖ်က္ေရးႏွင့္ ကာကြယ္ေရး လုပ္ငန္းမ်ားအတြက္  ျပည္သူလူထုအေျချပဳ မိသားစုမ်ား တစ္ကုိယ္ရည္သန္႕ရွင္းေရး အစီအစဥ္ ေဖၚေဆာင္မည့္ ေစတနာ့ဝန္ထမ္း ေက်းလက္က်န္းမာေရးကိုယ္စားလွယ္ (၁၀၀)ေက်ာ္ကို သင္တန္းေပးထားၿပီးျဖစ္ေၾကာင္း သီေပါျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းထံမွ သိရသည္။

 “အနာႀကီးေဝဒနာသည္ေတြရဲ႕ ခံစားခ်က္၊ လိုအပ္ခ်က္ေတြကို စာနာတတ္ေအာင္ ေစတနာ့ဝန္ထမ္းအသီးသီးရဲ႕ ရင္တြင္းက ကရုဏာစိတ္ကို ေဖာ္ထုတ္ေပးပါ့မယ္။ တစ္ကိုယ္ရည္ သန္႕ရွင္းေရး လုပ္ငန္းစဥ္ေတြ (လက္သန္႕ရွင္းေရး ကအစ အဟာရျပည့္၀စားေသာက္ျခင္း အလယ္ စိတ္သန္႕ရွင္းျခင္းအဆံုး) ေလ့က်င့္သင္ၾကားေပးသြားပါ့မယ္ “ဟု အဆိုပါအစီအစဥ္ႏွင့္ပတ္သက္၍ ေဒါက္တာနႏၵဝင္းက ေျပာၾကားထားသည္။

အဆိုအစီအစဥ္အတြက္ သီေပါၿမိဳ႕နယ္အတြင္း ေက်းလက္က်န္းမာေရးဌာနမ်ားမွ အရံသားဖြားလူထုက်န္းမာေရးလုပ္သားႏွင့္ ငွက္ဖ်ားေစတနာ့လုပ္သားမ်ားအား ၂၀၁၉ ခုႏွစ္ ေမလ (၁၃)ရက္ႏွင့္ (၁၄)ရက္ေန႔မ်ားက ႏွစ္ရက္တာသင္တန္းကို ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ Save the Children International တုိ႔ပူးေပါင္း၍ သီေပါၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနတြင္ ဖြင့္လွစ္ပို႔ခ်ခဲ့ျခင္းျဖစ္သည္။

သင္တန္းသို႔  သီေပါၿမိဳ႕နယ္အတြင္းမွ နမ့္လန္၊ ဆင္ေက်ာ့၊ ေဆာင္ႀကဲ၊ပံုလ်န္း ေဒသတို႔ရိွ ေက်းလက္က်န္းမာေရးဌာနခြဲ အသီးသီးမွ ေစတနာ့လုပ္အားရွင္ (၁၀၀) ေက်ာ္အျပင္ “ဝ” အထူးေဒသက်န္းမာေရးအဖြဲ႕မွ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးလည္းတက္ေရာက္ၾကေၾကာင္း သိရသည္။

အဆိုပါသင္တန္းဆင္း က်န္းမာေရးဝန္ထမ္းမ်ားအား အနာႀကီးေရာဂါခြဲျခမ္းတတ္ရန္ ေရာဂါလကၡဏာခြဲျခားျခင္းအား အေထာက္အကူျပဳမည့္ ဓါတ္ပံုေပါင္း (၆၀) ေက်ာ္ကို လက္ကိုင္ဖုန္းမ်ားအတြင္း ထည့္သြင္းေပးထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ (၁၉)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)ရက္ေန႔အထိ လပါင္း (၂၀)အတြင္း အနာႀကီးလူနာသစ္ (၅၄) ဦးေတြ႔ရိွခဲ့ပါတယ္။ လူနာ(၁၅) ဦးက ေဆးေသာက္ၿပီး ေရာဂါေပ်ာက္ကင္းသြားၿပီး (၃၉) ဦးက လက္ရွိေဆးေသာက္ေနဆဲျဖစ္ပါတယ္”ဟု ေဒါက္တာနႏၵဝင္းက ေျပာသည္။

ေရာဂါျဖစ္ပြားသူေတြ႔ရိွရသည့္ေဒသမ်ားအလုိက္ စစ္ေဆးရာ သီေပါၿမိဳ႕ ေတာင္ဘက္ျခမ္း ေဒသတြင္းလံုၿခံဳေရးအေျခအေနေၾကာင့္ က်န္းမာေရးလႊမ္းၿခံဳမႈရရိွႏုိင္မႈ အားနည္းသည့္ေနရာမ်ားႏွင့္ ေတာင္ေပၚေဒသေတြ ေရရွားပါးတဲ့ ေနရာမ်ားတြင္ အမ်ားဆံုးေတြ႔ရျခင္းျဖစ္ေၾကာင္း ေဒါက္တာနႏၵဝင္းထံမွ သိရသည္။

Tachileik News Agency
Photo: Nanda Win FB

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သီပေါမြို့နယ်တွင် အနာကြီးရောဂါတိုက်ဖျက်ရေးနှင့်ကာကွယ်ရေးကို ပြည်သူလူထုအခြေပြုအစီအစဉ်ဖြင့် ဆောင်ရွက်နေ
************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အနာကြီးရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများအတွက်  ပြည်သူလူထုအခြေပြု မိသားစုများ တစ်ကိုယ်ရည်သန့်ရှင်းရေး အစီအစဉ် ဖေါ်ဆောင်မည့် စေတနာ့ဝန်ထမ်း ကျေးလက်ကျန်းမာရေးကိုယ်စားလှယ် (၁၀၀)ကျော်ကို သင်တန်းပေးထားပြီးဖြစ်ကြောင်း သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းထံမှ သိရသည်။

 “အနာကြီးဝေဒနာသည်တွေရဲ့ ခံစားချက်၊ လိုအပ်ချက်တွေကို စာနာတတ်အောင် စေတနာ့ဝန်ထမ်းအသီးသီးရဲ့ ရင်တွင်းက ကရုဏာစိတ်ကို ဖော်ထုတ်ပေးပါ့မယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ငန်းစဉ်တွေ (လက်သန့်ရှင်းရေး ကအစ အဟာရပြည့်ဝစားသောက်ခြင်း အလယ် စိတ်သန့်ရှင်းခြင်းအဆုံး) လေ့ကျင့်သင်ကြားပေးသွားပါ့မယ် “ဟု အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ ဒေါက်တာနန္ဒဝင်းက ပြောကြားထားသည်။

အဆိုအစီအစဉ်အတွက် သီပေါမြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာနများမှ အရံသားဖွားလူထုကျန်းမာရေးလုပ်သားနှင့် ငှက်ဖျားစေတနာ့လုပ်သားများအား ၂၀၁၉ ခုနှစ် မေလ (၁၃)ရက်နှင့် (၁၄)ရက်နေ့များက နှစ်ရက်တာသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Save the Children International တို့ပူးပေါင်း၍ သီပေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်သည်။

သင်တန်းသို့  သီပေါမြို့နယ်အတွင်းမှ နမ့်လန်၊ ဆင်ကျော့၊ ဆောင်ကြဲ၊ပုံလျန်း ဒေသတို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အသီးသီးမှ စေတနာ့လုပ်အားရှင် (၁၀၀) ကျော်အပြင် “ဝ” အထူးဒေသကျန်းမာရေးအဖွဲ့မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၂)ဦးလည်းတက်ရောက်ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်း ကျန်းမာရေးဝန်ထမ်းများအား အနာကြီးရောဂါခွဲခြမ်းတတ်ရန် ရောဂါလက္ခဏာခွဲခြားခြင်းအား အထောက်အကူပြုမည့် ဓါတ်ပုံပေါင်း (၆၀) ကျော်ကို လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းပေးထားကြောင်း သိရသည်။

“ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ လပါင်း (၂၀)အတွင်း အနာကြီးလူနာသစ် (၅၄) ဦးတွေ့ရှိခဲ့ပါတယ်။ လူနာ(၁၅) ဦးက ဆေးသောက်ပြီး ရောဂါပျောက်ကင်းသွားပြီး (၃၉) ဦးက လက်ရှိဆေးသောက်နေဆဲဖြစ်ပါတယ်”ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

ရောဂါဖြစ်ပွားသူတွေ့ရှိရသည့်ဒေသများအလိုက် စစ်ဆေးရာ သီပေါမြို့ တောင်ဘက်ခြမ်း ဒေသတွင်းလုံခြုံရေးအခြေအနေကြောင့် ကျန်းမာရေးလွှမ်းခြံုမှုရရှိနိုင်မှု အားနည်းသည့်နေရာများနှင့် တောင်ပေါ်ဒေသတွေ ရေရှားပါးတဲ့ နေရာများတွင် အများဆုံးတွေ့ရခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒဝင်းထံမှ သိရသည်။

Tachileik News Agency
Photo: Nanda Win FB

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net